တာချီလိတ်၌ သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး


 တာချီလိတ် စက်တင်ဘာ ၁၇

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မဲအုန်း(၂)ကျေးရွာ၌ ရန်ငြိုး ရန်စကြောင့် သေနတ်ပစ်ခတ်မှုဖြစ် ပွားပြီး တစ်ဦးသေဆုံးသွားသည့် ဖြစ်စဉ် စက်တင်ဘာ ၁၅ ရက် ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်။

တာချီလိတ်မြို့ မိုင်းကိုးကျေးရွာ အုပ်စု ရန်ရှင်း(၃)ကျေးရွာ နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့(၃) ဒုခေါင်းဆောင် ဦးဒါဝိတ်သည် စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီခွဲက နေအိမ်တွင်ရှိနေစဉ် အောက်မိုင်းဟဲကျေးအုပ်စု မဲအုန်း(၂)ကျေးရွာနေ တူမဖြစ်သူ မဒိုင်ယာနာ ရောက်ရှိလာပြီး ဦးဒါဝတ်၏ ညီဖြစ်သူ ယာကုတ်(၃၂ )နှစ်မှာ နေအိမ်ရှေ့ အဖီအောက်တွင် သေဆုံးနေကြောင်း အကြောင်းကြားသဖြင့် သွားရောက် ကြည့်ရှုရာ ၎င်း၏ညီဖြစ်သူ ယာကုတ် မှာ သေနတ်ဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိပြီး စုံစမ်းရာ ညီဖြစ်သူ ယာကုတ်အား သတ်သွားသူမှာ တစ်ရွာ တည်းနေ လူပေါ(ခ)လီပိုး(၂၂ )နှစ် ဖြစ်ပြီး ၎င်းအား မိုင်းဟဲအောက် ပြည်သူ့ စစ်အဖွဲ့ဝင်များက သြစတြေးလျ နိုင်ငံလုပ်သေနတ်တစ်လက်၊ ၂ဝ ဒသမ ၆ လက်မခန့်ရှိ ဓားတစ်ချောင်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
တာချီလိတ်၌ သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး  တာချီလိတ်၌ သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:04 Rating: 5
Powered by Blogger.