ခိုးရာလိုက်ဖို့ ငြင်းလို့ ဓားနဲ့ထိုး


      အမရပူရ မြို့နယ်တွင် ခိုးရာလိုက်ခဲ့ ရန်ခေါ်ဆိုရာ ငြင်းဆိုသဖြင့် ဓားဖြင့်ထိုးသူအား အမှုဖွင့်ခံရကြောင်း တိုင်းရဲရုံးထံက သိရသည်။

      ယခုလ (၂၀) ရက်နေ့ နံနက်ပိုင်း အချိန်တွင် အမရပူရမြို့နယ် နေ မ. . . . . (၁၅) နှစ်အား ၎င်း၏ ချစ်သူဖြစ်သူ မောင်. . . . . (၂၄) နှစ်က ခိုးရာလိုက်ခဲ့ရန် ခေါ်ဆိုရာ မ. . . . . . မှ ငြင်းဆိုသဖြင့် အသင့်ပါလာသည့် ဓားဖြင့်ထိုးရာ ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံကြီးသို့ တင်ပို့ကုသလျက် ရှိသည်။

      အဆိုပါ အမှုအား နယ်မြေစခန်း (မြစ် ငယ်)မှ(ပ)၂၈၈/၂၀၁၅၊ ပြစ်မှုပုဒ်မ -၃၂၆ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။

The Messenger Media
http://messengernewsjournal.com
ခိုးရာလိုက်ဖို့ ငြင်းလို့ ဓားနဲ့ထိုး   ခိုးရာလိုက်ဖို့ ငြင်းလို့ ဓားနဲ့ထိုး Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.