သျှမ်း၊ ပအိုဝ်းနာမည်သုံးပြီး ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်


 စက်တင်ဘာလ ၁၆ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင် ၊မောက်မယ်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စက်တင်ဘာ ၈ ရက် မဲဆွယ် စည်းရုံးခွင့်ပြု သည့် နေ့မှစ၍ မြို့နယ်အတွင်း နေရာအနှံ့အပြားတွင် သျှမ်းပြည်ခိုင်ဖြိုး၊ ပအိုဝ်းပြည်ခိုင်ဖြိုး ဟူ၍ ဆိုင်းဘုတ်များ စိုက်ထူကာ မဲဆွယ်နေကြောင်း သိရသည်။


စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်သော မောက် မယ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင်လည်း ရဲတပ်ဖွဲ့ဝင် များမှာ အရပ်ဝတ်ဖြင့် ဆွေးနွေးပွဲအတွက် လုံခြုံရေးယူပေးခဲ့သည်ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံ တဦးကပြောသည်။

” မဲဆွယ်စည်းရုံးရေးသွားရင် ဝေငှပေးဖို့ အကျီ၊ ဦးထုပ်စတာတွေမှာ သျှမ်းခြင်္သေ့ ပအိုဝ်းခြင်္သေ့ ဆိုပြီးရေးထားတယ်။ လမ်းဘေးဆိုင်းဘုတ်တွေ မှာလည်း အဲလိုရေးထားတယ်။ ဘာကြောင့် ဗမာခြင်္သေ့ လို့မရေးတာလဲ။ ဒါမှမဟုတ် သူတို့က ဗဟိုကနေခွဲထွက်လာတာလား၊ အဲလို မရှင်းမရှင်း မပြတ်မသားပုံစံ နဲ့တော့မလုပ်သင့်ပါဘူး ။ တခြားပါတီ တွေဆို သူများ အဲလို မလုပ်ဘူး။” - ဟု လည်း အဆိုပါလူငယ်က ဆက်လက်ပြောကြားသည်။


လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် မဲဆန္ဒနယ် ၂ နယ်ရှိရာ အမှတ် ၁ မဲ ဆန္ဒနယ်တွင် သျှမ်းတိုင်းရင်းသား အများစုနေထိုင်ပြီး အမှတ် ၂ မဲဆန္ဒ နယ် တွင် ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ပါသည်။ အဆိုပါ ၂ နေရာတွင် ပြည် ခိုင်ဖြိုးပါတီအပြင် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊ သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဟူသည့် ပါတီ ကြီး ၅ ခုက ယှဉ်ပြိုင်ကြ မည်ဖြစ် သည်။

သျှမ်းသံတော်ဆင့်/ခါးဖန့်
https://www.facebook.com/Panglong.burmese
သျှမ်း၊ ပအိုဝ်းနာမည်သုံးပြီး ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်  သျှမ်း၊ ပအိုဝ်းနာမည်သုံးပြီး ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.