သေသွားတဲ့မြွေက လာကြည့်တဲ့သူတွေကို ဝင်စီးတာ


 စက်တင်ဘာလ (၁၁)ရက်နေ့က စစ်ကိုင်းမြို့၊ ရှင်ဖြူ ရှင်လှရပ်ကွက်တွင် စပါးကြီးမြွေတစ်ကောင်အား ဒေသခံအချို့ ဝိုင်းသတ်လိုက်ရာမှ အသတ်ခံလိုက်ရသည့်မြွေက ဒေသခံအမျိုးသမီးထံ ဝင်ပူးကာ သတ်ဖြတ်ခဲ့သူများအား မကျေနပ်ကြောင်း၊ ၄င်း(အသတ်ခံလိုက်ရသည့် စပါးကြီးမြွေ)ထံသို့ ၄င်း၏အစ်ကို ရောက်ရှိလာမည်ဟု အမျိုးသမီးတစ်ဦးအား ဝင်ပူးပြီး ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုပြီး နောက်နေ့တွင် စပါးကြီးမြွေတစ်ကောင် ထပ်မံတွေ့ ရှိခဲ့သည်။ အသတ်ခံလိုက်ရသည့် မြွေနှင့် အသက်ရှင်လျက်ရှိသည့် မြွေတို့အား ဆရာတော်ဘဒ္ဒန္တအရှင်တေဇက စောင့်ရှောက်ထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောင်းထိုင်ဆရာတော် အရှင်ဘဒ္ဒန္တအရှင်တေဇနှင့် လျှောက်ထားမေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။

သေဆုံးသွားတဲ့မြွေမကြီးက ဘုန်းဘုန်းကို အိပ် မက်ပေးတာတို့၊ တစ်ယောက်ယောက်ကို ဝင် စီးပြီး ဘာလုပ်ပေးပါလို့ တောင်းဆိုတာလား ဘုရား။

အိပ်မက်ပေးတာတို့၊ ဘာတို့တော့ မရှိပါ ဘူး။ ဝင်စီးပြီး ပြောတာတော့ အများကြီးပါ။သေသွားတဲ့မြွေက လာကြည့်တဲ့ သူတွေရောပါ ဝင်စီးတယ်။ အများကြီးပဲ။ မနိုင်တော့မှ ဘုန်းဘုန်းက သွားထုတ်ပေးတာပါ။

သေဆုံးသွား တဲ့မြွေကြီးအတွက် ဘာလုပ်ပေးပြီး ဘယ်လိုထားသွားမလဲ ဘုရား။

သူ့အတွက် ခုနစ်ရက်ပြည့်ရင် ရက်လည် ပေးမယ်။ ကုသိုလ်ကောင်းမှု ပြုလုပ်ပေးမယ်။မနက်ဖြန်ဆို ခုနစ်ရက်ပြည့်ပြီ။ ဝင်ပူးပြော တုန်းက ခုနစ်ရက်ပြည့်ရင် ရှမ်းအိုးစည် တီး ပေးပါလို့ပြောတော့ ဘုန်းဘုန်းတို့ ရှမ်းအိုးစည် ငှားခဲ့ပြီးပါပြီ။

မြွေကြီးကို သတ်လိုက်တဲ့ ဒေသခံတချို့အပေါ် ဘုန်းဘုန်းအနေနဲ့ ဘာမိန့်မှာချင်လဲ၊

သူတို့လည်း မသိလို့ လုပ်လိုက်တာနေမှာ ပါ။ သူတို့လည်း တံငါသည်လား ဘာလား မသိဘူး။ ငါမျှားပြီးအကောင်ပလောင် သတ် စားနေတော့ သူကံကောင်းတာ ဘုန်းဘုန်းက မေတ္တာပို့ပြီး သူလည်းဒုက္ခ မရောက်အောင်၊ တော်ကြာ ရေနှစ်သတ်မှာဆိုတော့ ဘုန်းဘုန်း က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်ပါ။ တကယ် တော့ ထောင်ချလို့ရတယ်။ သစ်တောက ဖမ်း လို့ရပါတယ်။ သူတို့ပါသွားရင် သူတို့မိသားစု ဒုက္ခ ရောက်မှာလေ။ ခုနစ်ရက်သားသမီး အကုန်စိတ်ချမ်းသာစေချင်တယ်။ ဒါကြောင့် ဘုန်းဘုန်းက သူတို့ဆီက အလှူခံထားလိုက် တာ။

ဒီဒေသမှာ ဒီလိုဖြစ်ဖူးတာရောရှိလား။ကြားရောကြားဖူးလား။

တစ်ခါမှ ဒီလိုလည်း မဖြစ်ပါဘူး။ မကြားလည်းမကြားဖူးဘူး။

ဒီလိုဖြစ်ပျက်သွားတဲ့အပေါ်ရော ဘာများ ပြောချင်လဲ။

ဒီမှာဖြစ်ပျက်နေတာတွေက ကိုယ်တွေ့ ဆိုတော့လည်း ယုံကြည်ရတာပဲလေ။

ဒီလို မြွေကိုသတ်လိုက်တယ်ဆိုတော့ ဘာတွေဖြစ် နိုင်မလဲ။

ဒါတော့ ဘုန်းကြီးလည်း နားမလည်ဘူး။ ဘုန်းကြီးကလည်း သာသနာပြုနေတာ။ သူတို့ လည်း သာသနာလာပြုတာဆိုတော့ ဘုန်းကြီးပဲ ပြုလုပ်နေတာ။

ဘယ်လိုပုံစံနဲ့စဝင်ပူးတာလဲ။ ပူးတဲ့အခါရော ဘာတွေပြော သွားတာ ရော မှတ်မိလား။

မြွေကြီးတွေ တွေ့တယ်ဆိုပြီး သွားကြ တာပေါ့။ မြွေကြီးက သေနေပြီး သတ်တဲ့ သူ တွေကို ကျွန်မ လုပ်ချင်တယ်။ ဒေါသတွေ ဖြစ်ပြီး ပြန်လာတာ။ သူကနောက်က လိုက် လာပြီး ကျွန်မကို ဒီမှာထားပါ။ ကျွန်မ နောက် ကို လိုက်ပါစေပေါ့၊ မြွေဝင်ပူးနေတဲ့ အမျိုး သမီးက ငိုပြီးပြောတာပေါ့။ နောက်ကျ ဘာ သိတော့မှာလဲ။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper
သေသွားတဲ့မြွေက လာကြည့်တဲ့သူတွေကို ဝင်စီးတာ  သေသွားတဲ့မြွေက လာကြည့်တဲ့သူတွေကို ဝင်စီးတာ Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.