ထိုးနှက်တိုက်ခိုက်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်


 ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် မြန်မာနိုင်ငံကို "ကုလားတွေ" အုပ်ချုပ်လိမ့်မယ် လို့ ထိုးနှက် တိုက်ခိုက်မှုတွေရှိနေတဲ့အပေါ် ဘယ်လိုပြောချင်ပါသလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုပြောပြီး စည်းရုံးတိုက်ခိုက်ဟာ "အောက်တန်းကျတဲ့ နိုင်ငံရေး" ဖြစ်ကြောင်းနဲ့ အဲ့ဒီလိုပြောဆိုနေတာတွေကို နားထောင်စရာမလိုကြောင်း ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာမှာ ရွေးကောက်ပွဲ အသိပညာပေးဟောပြောပွဲမှာ လူငယ်တစ်ဦးကမေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်မှာ ပြည်သူတွေကလည်း ကိုယ့်တာဝန်ကျေပြွန်ဖို့ လိုအပ်သလို အာဏာကို အစိုးရအပေါ် အားလုံးပုံအပ်ထားတာမျိုး မလုပ်ကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ရင်လည်း အာဏာကို ပုံအပ်ထားတာမျိုး မလုပ်ဖို့ကိုလည်း ပြောပါတယ်။

အန်အယ်လ်ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို အကောင်းဆုံးဖြစ်အောင် ရွေးချယ်ထားကြောင်းနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင် ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဟောပြောတဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်ဟာ ပြည်ခိုင်ဖြိုး ပါတီကနေယှဉ်ပြိုင်မယ့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နန်းသြကျေးရွာဟောပြောပွဲကို ဒေသခံ တစ်သောင်းနီးပါးလောက် တက်ရောက်ကြပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ထိုးနှက်တိုက်ခိုက်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်  ထိုးနှက်တိုက်ခိုက်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန် Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.