ပြည်ခိုင်ဖြိုး ဦးလှဌေးဝင်းနဲ့ အန်အယ်လ်ဒီ ဒေါ်ခင်မျိုးသွင် အပြိုင်မဲဆွယ်

ဇေယျာသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း ကိုတွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းတို့ဟာ ဒီကနေ့ သူတို့ရဲ့ မဲဆန္ဒနယ်မှာ အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြပါတယ်။

အရင်က လယ်ယာမြေကိစ္စတွေမှာ ထိထိရောက်ရောက် မကူညီနိုင်ပေမယ့် အခုတော့ ထိရောက်အောင် ကူညီဖို့အခွင့်အလမ်းရလာပြီလို့ ဒေါ်ခင်မျိုးသွင်က မဲဆွယ်ဟောပြောပွဲမှာ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ဒီကနေ့ မဲဆွယ်စည်းရုံးရာမှာ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် ကူညီမယ်လို့ ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ ဒီကနေ့ ဇေယျာသီရိမြို့နယ်က ကျဉ်တောင်ကျေးရွာ၊ ခေါမကျေးရွာ၊ သာယာဝင်း၊ မွန်းတည့်ခွင်တောင်၊ မွန်းတည့်ခွင်မြောက်ကျေးရွာတွေမှာ မိုးရွာနေတဲ့ကြားထဲက အပြိုင်မဲဆွယ်ခဲ့တာဖြစ် ပါတယ်။ ဇေယျာသီရိမြို့နယ်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြည်ခိုင်ဖြိုး ဦးလှဌေးဝင်းနဲ့ အန်အယ်လ်ဒီ ဒေါ်ခင်မျိုးသွင် အပြိုင်မဲဆွယ်   ပြည်ခိုင်ဖြိုး ဦးလှဌေးဝင်းနဲ့ အန်အယ်လ်ဒီ ဒေါ်ခင်မျိုးသွင် အပြိုင်မဲဆွယ် Reviewed by THITHTOOLWIN on 05:41 Rating: 5
Powered by Blogger.