အလက်စကာပြည်နယ် ၌ ခင်ပွန်းအား ဖမ်းဆီးထားသော ရဲကားကို ဇနီးက ခိုးယူမောင်းပြေး


ယွန်အိုး ၊ ၆-၉-၂၀၁၅

 အမေရိကန် ပြည်ထောင်စု အလက်စကာ ပြည်နယ်၌ အမျိုးသမီး တစ်ဦးသည် ၄င်း၏ခင်ပွန်း ဖြစ်သူကို လက်ထိပ်ခတ် ဖမ်းဆီး ခေါ်ဆောင် လာသော ရဲတပ်ဖွဲ့ ကားတစ်စီးကို ခိုးယူမောင်းပြေး ခဲ့ကြောင်း ရိုက်တာသတင်းဌာနက စက်တင်ဘာ ၄ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ မော်တော်ကားကို မောင်းနှင်လာသော ရဲတပ်ဖွဲ့ဝင်သည် သတ်မှတ်မိုင်နှုန်း ထက်ပိုလွန် မောင်းနှင်နေသော ယာဉ်မောင်း တစ်ဦးကို စက်တင်ဘာ ၂ ရက်က ရှောင်တခင် စစ်ဆေးနေစဉ် အဆိုပါ အမျိုးသမီးက ရဲကား အတွင်းသို့ ဝင်ရောက်၍ ခိုးယူမောင်းနှင် ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

အဆိုပါယာဉ်ကို တာဝန်ရှိ သူများက အန်ကာရေ့မြို့ အနောက်မြောက် ဘက်မှ ၆၅ မိုင် (၁ဝ၄ ကီလိုမီတာ) ခန့်အကွာရှိ ရပ်ကွက်အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင် များသည် အသက် ၂၈ နှစ်အရွယ် အမ်ဘာ နှင့် အသက် ၃၈ နှစ် အရွယ် ဂျော့ရှ်အာဝပ် ဖော့ဒ် တို့ကို ဝါဆယ်လ်လာမြို့ အန်ကာရေ့ မြောက်ဘက်မှ ၄၅ မိုင် (၇၂ ကီလိုမီတာ) ခန့်အကွာရှိ နေအိမ် တစ်လုံး၌ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ရဲတပ်ဖွဲ့က အမ်ဘာကို ခိုးမှု နှင့် ဝတ္တရား နှောင့်ယှက်မှု အပါအဝင် အမှုပေါင်း များစွာ တရားစွဲဆို ထားကြောင်း စက်တင်ဘာ ၅ ရက် ထုတ်ပြန်ချက် အရ သိရသည်။

PyiChitThar
http://www.pyichitthar.com
အလက်စကာပြည်နယ် ၌ ခင်ပွန်းအား ဖမ်းဆီးထားသော ရဲကားကို ဇနီးက ခိုးယူမောင်းပြေး  အလက်စကာပြည်နယ် ၌ ခင်ပွန်းအား ဖမ်းဆီးထားသော ရဲကားကို ဇနီးက ခိုးယူမောင်းပြေး Reviewed by THITHTOOLWIN on 14:55 Rating: 5
Powered by Blogger.