ကင်ညှာမှာ ဖောက်ခွဲပစ္စည်းတွေ့ရှိမှုနဲ့ မင်္သကာသူ ၃ ဦးကို ဖမ်းဆီး


ကင်ညှာနိုင်ငံ Nairobi မြို့တော်မှာ ဖောက်ခွဲပစ္စည်းတွေ ထည့်ထာတဲ့အိတ်နဲ့ ဈေးရုံတစ်ခုထဲဝင်ဖို့ အမျိုးသားတစ်ဦးက ကြိုးစားခဲ့အပြီးမှာ လူ ၃ ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဲဒီအမျိုးသားကို လုံခြုံရေးအစောင့်တွေက ၀ိုင်းဝန်းထိန်းချုပ်နိုင်ခဲ့ပြီး ဖောက်ခွဲပစ္စည်းတွေ ထည့်ထားတဲ့ သူ့ရဲ့အိတ်ကို ရဲ ဗုံးရှင်းလင်းရေးစခန်းမှာ စနစ်တံဖြုတ် ရှင်းလင်းနိုင်ခဲ့ပါတယ်။

အိတ်ထဲမှာ ဘက်ထရီနဲ့ ဖောက်ခွဲပစ္စည်းငယ်တစ်ခုကို မိုဘိုင်းလ်ဖုန်းနဲ့ တွဲထည့်ထားတယ်လို့ ယူဆရပြီး ဖုန်းနဲ့ ချိန်ကိုက်ဖောက်ခွဲဖို့ လုပ်ထားပုံရပါတယ်။

အခုဖမ်းဆီးလိုက်သူတွေနဲ့ ပတ်သက်လို့ ကင်ညှာရဲ ပြောခွင့်ရ ပုဂ္ဂိုလ်က ဖမ်းဆီးထားသူ ၃ ဦးရှိပြီး နောက်ထပ် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဖို့ ထိန်းသိမ်းထားကြောင်း၊ သူတို့ဟာ ကင်ညှာလူမျိုးတွေဖြစ်ပြီး ဆိုမာလီက လာသူတွေ မဟုတ်ကြောင်းနဲ့ အုပ်စုအဖွဲ့တစ်ခုကနေ စိမ့်ဝင်လာသူတွေ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ကင်ညှာမှာ ဖောက်ခွဲပစ္စည်းတွေ့ရှိမှုနဲ့ မင်္သကာသူ ၃ ဦးကို ဖမ်းဆီး   ကင်ညှာမှာ ဖောက်ခွဲပစ္စည်းတွေ့ရှိမှုနဲ့ မင်္သကာသူ ၃ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.