မူးယစ် နှိမ်နင်းရေး ဗဟိုက ရဲမှူးကြီး ဇော်လင်းထွန်းနဲ့ အင်တာဗျူး


 အခုရက်ပိုင်း ရန်ကုန်မြို့မှာ မူးယစ်ဆေးဝါးတွေ ပမာဏ အများဆုံး စံချိန်တင် ဖမ်းမိနေပါတယ်။

 စက်တင်ဘာ ၂၁ ရက်မနေ့က ဒဂုံမြို့သစ် (အရှေ့ပိုင်း) တက္ကသိုလ်ရိပ်မွန် အိမ်ရာမှာ စိတ်ကြွဆေးပြား သိန်း၂၀ ဖိုး နီးပါးနဲ့ ဖန်စီဒိုင်း ပုလင်း ၅၀၀ ကျော်ကို ဖမ်းမိထားပြန်ပါတယ်။

ဒီလို ဖမ်းဆီးနိုင်တာဟာ ဇူလိုင်လကုန်က ဇေကမ္ဘာဝင်း အနီးမှာ ဒေါ်လာသန်း ၁၀၀ ကျော်တန် မူးယစ်ဆေးတွေ ဖမ်းမိတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ဖော်ထုတ်ချက်အရလို့ သိရပါတယ်။

မြန်မာနိုင်ငံ မူးယစ် နှိမ်နင်းရေး ဗဟိုက ရဲမှူးကြီး ဇော်လင်းထွန်းကို ဘီဘီစီ သတင်းထောက် ကိုနေလင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


မူးယစ် နှိမ်နင်းရေး ဗဟိုက ရဲမှူးကြီး ဇော်လင်းထွန်းနဲ့ အင်တာဗျူး  မူးယစ် နှိမ်နင်းရေး ဗဟိုက ရဲမှူးကြီး ဇော်လင်းထွန်းနဲ့ အင်တာဗျူး Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.