တံတားနှင့် သံလမ်းပြု ပြင်ပြီးဖြစ်၍ ရထားများပုံမှန် ပြေးဆွဲနိုင်ပြီ


 မိုးကောင်း၊ စက်တင်ဘာ- ၂

 သြဂုတ်(၃၁)နံနက်(၁၀)နာရီကျော်ခန့်က ဆားမှော်နှင့်တောင်နီဘူတာကြားရှိ မိုင်တိုင်အမှတ် (၆၇၂/၁၂နှင့် ၁၆ကြား)၊ တံတာအမှတ်(၆၅၂)သည် မန္တလေး - မြစ်ကြီးနား အမှတ်(၄၃)အဆန်ကုန်ရထား ဖြတ်သန်းရင်း တိမ်းမှောက်မှုကြောင့်ပျက်စီးကာရထားသွားလာမှု ခေတ္တရပ်နားထားရသည်ဖြစ်ရာ ဦးမြင့်အောင် (ကြီးကြပ်ရေးမှူး၊ ပို့ဆောင်ရေး၊ မြစ်ကြီးနား)ဦးဆောင်၍ ဝန်ထမ်းများ၊ ကုန်သည်ကြီးများ၊ မြစ်ကြီးနား ကုန်တင် ကုန်ချအဖွဲ့နှင့် ရထားလမ်းပြင် အဖွဲ့များက စက်တင်ဘာ(၁)ရက်မှစ၍ ကန့်လန့်ဖြတ် ခံနေသော ရထားတွဲအား ကရိမ်းဖြင့် ဖယ်ရှားပြီး တံတားနှင့် ရထားလမ်းပြုပြင်ခြင်းကို ညတွင်းခြင်းဆောင်ရွက်ခဲ့ပြီးဖြစ်၍ ယနေ့နံနက် (၁၀)နာရီခွဲမှ စတင်ပြီး ရထားများပုံမှန်မောင်းနှင်နေပြီဖြစ်ကြောင်း ကို မြစ်ကြီးနားမြို့ ပို့ဆောင်ရေး၊ ကြီးကြပ်ရေးမှူး ဦးမြင့်အောင်ထံမှ သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တံတားနှင့် သံလမ်းပြု ပြင်ပြီးဖြစ်၍ ရထားများပုံမှန် ပြေးဆွဲနိုင်ပြီ  တံတားနှင့် သံလမ်းပြု ပြင်ပြီးဖြစ်၍ ရထားများပုံမှန် ပြေးဆွဲနိုင်ပြီ Reviewed by THITHTOOLWIN on 10:37 Rating: 5
Powered by Blogger.