ဆွံ့အနေသူအား အသက်(၇၀) ကျော် အဘိုးအိုမှ အဓမ္မကျင့်


          မြင်းမူမြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်တွင် ယခုလ(၇)ရက်နေ့၊ နေ့လယ်ပိုင်း၌ ဆွံ့အစကားမပြော တတ်သည့် အရွယ်မရောက် သေးသူ အမျိုးသမီးငယ်အား အသက် (၇၃)နှစ်အရွယ် အဘိုးအိုမှ အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

          တပင်ရွှေထီး ရပ်ကွက်နေ မ...... (၃၃)နှစ်သည် ရပ်ကွက်အတွင်း ဈေးလှည့်လည် ရောင်းချနေစဉ် အိမ်နီးချင်းဖြစ်သူမှ အမြန်ပြန်လာရန် ဖုန်းဆက်ခေါ်သည့် အတွက် ပြည်လာရာမှ သမီးဖြစ်သူ ..... (၁၇)နှစ် (စကားမပြောတတ်သူ)အား တစ်ရပ်ကွက်တည်းနေ ဦးဗေဒါ (၇၃)နှစ် မှ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။

          မိခင်ဖြစ်သူ ဈေးရောင်း ထွက်သွားစဉ် နေအိမ်အတွင်း၌ တစ်ယောက်တည်း ရှိနေသည့် မ.........(၁၇)နှစ် စကားမပြော တတ်သူ) အား အိမ်နီးချင်းဖြစ်သူ ဦးဗေဒါ (၇၃)နှစ်မှ ၎င်းရဲ့ အိမ်သို့လာရန် ခေါ်သည့် အတွက်သွားစဉ် အခန်းအတွင်းသို့ အတင်း ဆွဲခေါ်ပြီး သားမယား ပြုကျင့်ရန် ကြံစည်နေစဉ် ရပ်ကွက်အတွင်းမှ အမျိုးသမီးနှစ်ဦးမှ မြင်တွေ့လိုက်သည့် အတွက် ဘေးပတ်ဝန်းကျင်သို့ အကူအညီ တောင်းကာ နေအိမ်အတွင်းမှ ဆွဲခေါ်ခဲ့ရကြောင်း သိရပြီး တိုင်းတန်ထားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

          ယင်းသို့ အသက်မပြည့် သေးသည့် ဆွံ့အစကားမပြော တတ်သည့် အမျိုးသမီးငယ်အား သားမယား ပြုကျင့်ရန် ကြံစည်ခဲ့သည့် ဦးဗေဒါ (၇၃)နှစ်အား သက်ဆိုင်ရာ မြင်းမူမြို့မရဲစခန်းမှ (ပ) ၂၂၁/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ အရ အမှုရေးဖွင့် ထားပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

The Messenger Media
http://www.messengerdaily.com
ဆွံ့အနေသူအား အသက်(၇၀) ကျော် အဘိုးအိုမှ အဓမ္မကျင့်  ဆွံ့အနေသူအား အသက်(၇၀) ကျော် အဘိုးအိုမှ အဓမ္မကျင့် Reviewed by THITHTOOLWIN on 05:51 Rating: 5
Powered by Blogger.