မြေယာအငြင်းပွားမှုကြောင့် ၀ အရာရှိ နှင့် အစိုးရတပ် စရဖ အရာရှိပစ်ခတ်


စက်တင်ဘာ ၂၄ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် အတွင်း ယာမြေ ပြဿနာကြောင့် ၀ အရာရှိနှင့် အစိုးရ တပ်မတော် စစ်ဖက်လုံခြုံရေး စရဖ အရာရှိတို့ အငြင်းပွား ကာ သေနတ်ထုတ် ပစ်ခတ်သည် အထိဖြစ်ရပြီး သုံးဦးဒဏ်ရာရရှိသွား သည်ဟု သိရသည်။

၂၀၁၅ စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ခွဲအချိန်တွင် မိုင်းတုံမြို့တောင် ဘက် နားကောင်းမူး ကျေးရွာအုပ်စုအတွင်း မြေယာပြဿ နာဖြေရှင်းရေးအဖွဲ့ များဖြစ်ကြသည့် အစိုးရတပ်မတော် စရဖ အရာရှိ ညီညီအောင် နှင့် ၀ တပ်ဖွဲ့ အရာရှိတို့ တွေ့ဆုံဖြေရှင်းကြစဉ် မပြေလည်မှုကြောင့် နှစ်ဦးနှစ်ဘက်စကား များရာမှ စရဖ အရာရှိ ညီညီအောင်က ပစ္စတို သေနတ်ထုတ်ကာ ပစ်ခတ်ေ ကြာင်း၊ ၀ အရာရှိတဦးထိမှန်သဖြင့် ၀ ဘက်မှ ပြန်လည် ပစ် ခတ် ကြောင်း၊ ထို့အတွက် အပြန်အလှန်ပစ်ခတ်ရာမှ ၀ ဘက်မှ နှစ်ဦး၊ အစိုးရ စရဖ အရာရှိ တဦး( ညီညီအောင် ) ထိခိုက်ဒဏ်ရာရှိသည်ဟု နီးစပ်သည့်အသိုင်းအဝိုင်း က ပြောပါသည်။

“ဘယ်သူက ဘယ်ဟာကို တကယ်ပိုင်ဆိုင်လဲ ဆိုတာ တပ်မတော်ဘက်က လာရောက်စုံစမ်း မေးမြန်းတယ်။ စကားသိပ်မပေါက်ကြတော့ ၀ တွေ ဘက် ပြောတဲ့ဟာကို ဗမာတပ်ဘက်က နားမလည်တော့၊ ဘာတွေပြောလဲ၊ ဘယ်သူက ဘာဖြစ်လဲစသဖြင့် မေးရာကနေ ကြမ်းကြမ်း တမ်းတမ်းဖြစ်သွားေ တာ့ပစ်ခတ်မှုဖြစ်တာ။ အခုဒီအမှုက ကျိုင်းတုံအထိရောက်သွားပြီ၊ ညီညီအောင်က ဝမ်းဗိုက်မှာ ထိမှန်တယ်၊ သူ့ကိုလဲ မိုင်းဆတ်ပို့လိုက်ပြီ၊ ကုဖို့” - ဟု နှစ်ဘက် တပ် နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြောသည်။

“ဟုတ်တယ်။ ကျနော်တို့ဘက်က မှားရင် သွားတောင်းပန်လိုက်မယ်။ အခု သူတို့ဘက်က အရင်ပစ်တာလေ။ နောက်ပြီး ဒီဟာက ပြဿနာအသေးအမွှား ပါ။ပြဿနာကြီးဖြစ်လာ အောင်မလုပ်ချင်ဘူး။သူတို့မှားတာသူတို့ လာတောင်း ပန်ပေါ့။ ကျနော်တို့ မှားရင်လဲ သွားတောင်းပန်မှာပေါ့။ အဲဒီ တပ်မတော် အရာ ရှိပစ်လို့၊ ကျနော့်လူ နှစ်ယောက်ထိသွားတယ်။ ဒီဟာက ဘာလို့ သေနတ် ကိုင်ပြီးလာဖြေရှင်းတာလဲ၊ မဖြစ်သင့်တဲ့ကိစ္စလေ” - ဟု တောင်ပိုင်း ၀ အရာရှိ ဦးတာ့လူး က ပြောသည်။

ယခုလဆန်းပိုင်းက ကျိုင်းတုံမြို့၌ ၀ အဆင့်မြင့်အရာရှိ နှင့် မြန်မာအစိုးရ ကိုယ်စားလှယ် ဦးသိန်းဇော် တို့ တွေ့စုံစဉ် ‘ ၀ တပ်ဖွဲ့အနေဖြင့် NCA လက်မှတ်ရေး ထိုးရန် တိုက်တွန်း ကြောင်း၊ ရေးထိုးခြင်းမရှိက ထိုင်းနယ် စပ်ရှိ တောင်ပိုင်းဝ တပ်ဖွဲ့ ရှေ့ဆက်နေထိုင်ရေးကိစ္စ တာဝန်မယူနို င်ကြောင်း’ ပြောကြားသည်ဟု သိရသည်။

တောင်ပိုင်း ၀ တပ်ဖွဲ့နှင့်အစိုးရတပ်မတော်တို့သည် သစ်တောကြိုးဝိုင်း သစ်ခုတ်မှုပြဿနာ ကြောင့် ဂျွန်လတုန်းကလည်း တလကျော်ကြာ စစ်ရေး တင်း မာမှုများဖြစ်ပွားခဲ့သည်။

တောင်ပိုင်းဝ တပ်ဖွဲ့သည် ၁၉၉၈ က အာဏာသိမ်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် သဘောတူညီမှုရယူကာ မြောက်ပိုင်း ၀ နယ် ပန်ဆန်းဒေသမှ ထိုင်းနယ်စပ် တာချီလိတ်၊ မိုင်းဆတ် ခရိုင်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြ ခင်းဖြစ်ပါ သည်။

၂၀၀၉ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မြန်မာအစိုးရ ဖိအားပေးစဉ် ၀ တပ်ဖွဲ့က လက်မခံသောကြောင့် ထိုင်းနယ်စပ်မှ မြောက်ပိုင်း အထူးဒေသ ၂ နယ်မြေသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ရန် ဖိအားပေးခံရပါသေးသည်။ ထိုစဉ်ကလည်း ၀ တပ်ဖွဲ့မှ ရွှေ့ပြောင်း ရန် ငြင်းဆန်ခဲ့မှုကြောင့် နှစ်ဘက်တပ် တင်းမာမှုဖြစ်ပွားခဲ့သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
မြေယာအငြင်းပွားမှုကြောင့် ၀ အရာရှိ နှင့် အစိုးရတပ် စရဖ အရာရှိပစ်ခတ်   မြေယာအငြင်းပွားမှုကြောင့် ၀ အရာရှိ နှင့် အစိုးရတပ် စရဖ အရာရှိပစ်ခတ် Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.