စက်တင်ဘာ ၂၄---
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရွာ ၁၀၀ခန့်၏ တောင်ယာနှင့် တခြားသီးနှံစိုက်ခင်းများမှာ ကြွက်ကောင်သေးသေးလေးများ၏ဖျက်စီးမှုကြောင့် ပျက်စီးကုန်ကြောင်း သိရသည်။
ပလက်ဝမြို့နယ်မှ ပြည်သူများသည် အများအားဖြင့် တောင်ယာ၊ လယ်၊ ဂမုန်း၊ ပဲနှင့် နှမ်းခင်းတို့ကိုစိုက်ပျိုးလုပ်ကိုင်၍ အဓိကထား အသက်မွေးဝမ်းကြောင်းပြု နေထိုင်သူများပြီး ပလက်ဝမြို့နယ်တွင် ရွာပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ၁၀၀ခန့်မှ မိဘပြည်သူများသည် ကြွက်ဘေးဒါဏ်ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
"ဒီနှစ်တော့ စပါးရိတ်ချိန်နီးပြီဖြစ်ပေမဲ့ ကြွက်တွေဖျက်ဆီးတာကြောင့် စပါးတွေအကုန်ပျက်တယ်။ လုပ်ထားသမျှပင်ပန်းတာပဲ အဖက်တင်တယ်။ တော်တော် ဒုက္ခပေးတဲ့ကြွက်တွေပဲ " ဟု တောင်သူဒေသခံတစ်ဦးက ပြောသည်။
လွန်ခဲ့သော ၂၀၀၇ ခုနှစ်ကလည်း ကြွက်ဘေးကို အကြီးအကျယ်ရင်ဆိုင်ရခဲ့ဖူးကြောင်း သိရသည်။
Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup
ပလက်ဝမြို့နယ်မှ ရွာ၁၀၀ ခန့်ကြွက်ဘေးရင်ဆိုင်နေရ
Reviewed by THITHTOOLWIN
on
21:12
Rating: