လူနင်းမိလို့ ဟာ့ဂ်ျဘုရားဖူး အနည်းဆုံး ၇၁၇ ယောက် သေဆုံးပြီး ၈၀၅ ယောက် ဒဏ်ရာရ။ |
မက္ကာမြို့ အနီးက မီနာအရပ်မှာ ဟာ့ဂ်ျ ဘုရားဖူးတွေ နောက်ဆုံး ပြုလုပ်ရမယ့် အဆင့်မှာ လူနင်းမိကြတာ ဖြစ်ပြီး၊ ၈၀၅ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မီနာ အရပ်မှာ ဟာ့ဂ်ျ ဘုရားဖူးတွေက နတ်ဆိုးကို ကျောက်ခဲနဲ့ ပစ်ပေါက်တဲ့ လုပ်ငန်းစဉ်အတွင်း ဘုရားဖူးတွေ စုပြုံ ရောက်ရှိခဲ့ကြရာက လူနင်းမိကြတာ ဖြစ်ပါတယ်။
ခုနှစ် ဟာ့ဂ်ျ ဘုရားဖူး ခရီးစဉ်ကို ကမ္ဘာအနှံ့က မွတ်ဆလင် ၂ သန်းကျော် လာရောက် ခဲ့တယ်လို့ ဆိုပါတယ်။
ဟာ့ဂ်ျ ဘုရားဖူး ခရီးစဉ် ပြင်ဆင်ချိန် တုန်းကလည်း မက္ကာမြို့က Grand ဗလီမှာ ဝန်ချီစက် တစ်ခု ပြိုကျခဲ့တဲ့အတွက် လူ ၁၀၉ ယောက် သေဆုံး ခဲ့ပါသေးတယ်။
BBC Burmese
http://www.bbc.com/burmese
လူနင်းမိလို့ ဟာ့ဂ်ျ ဘုရားဖူး ၇၁၇ ယောက် သေဆုံး
Reviewed by THITHTOOLWIN
on
21:00
Rating: