မြန်မာကလေးတွေ ထိုင်းမှာ အနိုင်ကျင့်ခံရ

(Credit: AFP) 
မြန်မာနိုင်ငံက ​ကလေးငယ်တွေအပါအဝင် ​ထိုင်းနိုင်ငံ ​ပင်လယ်စာ ​ထုတ်လုပ်ရေး ​လုပ်ငန်းမှာ ​လုပ်ကိုင်နေတဲ့ ​ကလေးငယ်တွေ ​အများအပြား ​အခွင့်အရေး ​ချိုးဖောက်ခံနေရတယ်လို့ ​သိရပါတယ်။

ထိုင်းနိုင်ငံမှာ ​အသက် ​၁၅ ​နှစ်ပြည့်မှ ​အလုပ်လုပ်ခွင့်ရမယ်လို့ ​ဥပဒေမှာ ​ပြဌာန်းထားပေမယ့် ​အသက် ​၁၅ ​နှစ်မပြည့်သေးတဲ့ ​ကလေးငယ် ​အများအပြားက ​ထိုင်းနိုင်ငံမှာ ​အလုပ်လုပ်နေကြပါတယ်။

အဲဒီကလေးငယ်တွေဟာ ​တခြားလုပ်ငန်းက ​ကလေးငယ်တွေနဲ့ ​လုပ်ငန်းခွင်မှာ ​ထိခိုက် ​အန္တရာယ်နဲ့ ​ပိုပြီး ​ရင်ဆိုင်နေရတယ်လို့ ​ဆိုပါတယ်။

တခြားလုပ်ငန်းမှာ ​အလုပ်လုပ်ကိုင်သူ ​၈.၄ ​%လောက်ပဲ ​ဒဏ်ရာရရှိပေမယ့် ​ပင်လယ်စာ ​လုပ်ငန်းမှာ ​လုပ်ကိုင်တဲ့ ​ကလေးငယ် ​၂၀% ​က ​လုပ်ငန်းခွင်မှာ ​ဒဏ်ရာတွေ ​ရရှိနေကြတယ်လို့ ​အပြည်ပြည်ဆိုင်ရာ ​အလုပ်သမား ​အဖွဲ့အစည်းက ​ပြောပါတယ်။

ထိုင်းပင်လယ်စာ ​လုပ်ငန်းရဲ့ ​ဝင်ငွေဟာ ​ဒေါ်လာ ​သန်းပေါင်း ​၃၀၀၀ ​လောက်ရှိပြီး ​အိမ်နီးနားက ​အလုပ်သမားတွေအပေါ် ​မှီခိုနေရပါတယ်။

မြန်မာ ​အလုပ်သမားတွေ ​အများဆုံးပါဝင် ​အလုပ်လုပ်နေကြတာ ​ဖြစ်ပြီး ​ကလေးငယ် ​အလုပ်သမား ​၃၀% ​ကသာ ​တရားဝင် ​အလုပ်လုပ်ပြီး ​တရားဝင် ​လုပ်အားခလစာ ​ရရှိကြတာ ​ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ​ပင်လယ်စာကို ​ဝယ်ယူမယ့်သူတွေ၊ ​နိုင်ငံတကာ ​အစိုးရတွေအနေနဲ့ ​ထိုင်းနိုင်ငံကို ​ဖိအားပေးပြီး ​အလုပ်သမားအခွင့်အရေး ​တိုးတက်အောင် ​လုပ်ဆောင်ရမယ်လို့ ​ပြောပါတယ်။

ဒါ့အပြင် ​ကလေးငယ်တွေ ​အလုပ်လုပ်ကိုင်မှုနှုန်းလျော့နည်းလာအောင် ​ငယ်ငယ်ကတည်းက ​ထိုင်းစာ၊ ​ထိုင်းစကားကို ​တတ်အောင်သင်ပေးတာတွေ၊ ​အချိန်ပြည့်မဟုတ်ရင်တော့ ​အချိန်ပိုင်းအနေနဲ့ ​စာသင်ယူနိုင်အောင် ​ဖန်တီးပေးဖို့ ​တောင်းဆိုမှုတွေ ​ရှိနေတဲ့အကြောင်း ​Thomson ​Reuters ​Foundation ​သတင်းမှာ ​ရေးသားထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာကလေးတွေ ထိုင်းမှာ အနိုင်ကျင့်ခံရ  မြန်မာကလေးတွေ ထိုင်းမှာ အနိုင်ကျင့်ခံရ Reviewed by THITHTOOLWIN on 04:06 Rating: 5
Powered by Blogger.