ဥရောပတခွင်မှာ နယ်စပ်တင်းကြပ်မှု လုပ်လာ

ဆားဗီးယားနဲ့ နယ်စပ်ခြင်း ထိစပ်တဲ့ နေရာကို ဟန်ဂေရီ ရဲတွေ ကင်းလှည့်စဉ် (Credit: AFP)
 ဥရောပတိုက်မှာ ​နယ်စပ်စည်းမျဉ်းတွေ ​မထားဘူးလို့ ​နှစ်ပေါင်း ​၂၀ ​ကြာ ​ကျင့်သုံးလာကြပေမယ့် ​ခိုလှုံခွင့် ​တောင်းလိုသူတွေ ​ဝင်လာနေတဲ့အတွက် ​အခုအခါမှာ ​နယ်စပ်ဂိတ်တွေမှာ ​တင်းကြပ်မှုတွေ ​လုပ်လာနေကြပါတယ်။

ခိုလှုံခွင့်တောင်းလိုသူ ​လူပေါင်း ​တစ်သိန်းနှစ်သောင်းကို ​ပြန်လည် ​နေရာချထားဖို့ ​ကိစ္စကို ​ဥရောပ ​သမဂ္ဂအဖွဲ့ဝင် ​ဝန်ကြီးတွေက ​ဆွေးနွေးကြပေမယ့် ​ဘာသဘောတူညီချက်မှ ​မရပဲ ​နောက်သုံးပတ်မှာ ​ဆက်လက်ဆွေးနွေးကြဖို့သာ ​သဘောတူညီခဲ့ကြပါတယ်။

ခိုလှုံခွင့်တောင်းလိုသူတွေကြောင့် ​ဥရောပ ​တခွင်ကို ​အတားအဆီးမရှိ ​သွားလာနိုင်အောင် ​စီစဉ်ခဲ့တာတွေကို ​ပြောင်းလဲရမလို ​ဖြစ်နေပြီး ​ဂျာမနီက ​နယ်စပ်မှာ ​တင်းကြပ်မှုတွေလုပ်ပြီးတဲ့နောက် ​တခြားနိုင်ငံတွေကလည်း ​နယ်စပ်ပိတ်ချတာတွေ၊ ​ကင်းလှည့်စစ်ဆေးတာမျိုး ​လုပ်နေပါတယ်။

ဟန်ဂေရီ၊ ​ဆလိုဗက်ကီးယား၊ ​သြစတီးယား၊ ​နယ်သာလန် ​စတဲ့ ​နိုင်ငံမှာ ​နယ်စပ်ဖြတ်ကျော်မှု ​တင်းကြပ်လိုက်သလို ​ဆွီဒင်နဲ့ ​ပိုလန်ကလည်း ​နယ်စပ်အခြေအနေကို ​စောင့်ကြည့်နေတယ်လို့ ​ပြောပါတယ်။

ခိုလှုံခွင့်တောင်းလိုသူတွေကို ​ဥရောပနိုင်ငံတွေ ​နည်းနည်းစီ ​လက်ခံကြဖို့ ​ဆွေးနွေးကြပေမယ့် ​ပိုလန်၊ ​စလိုဗက်ကီးယား၊ ​ဟန်ဂေရီတို့ကတော့ ​အဲဒီအစီအစဉ်ကို ​ငြင်းဆိုနေဆဲ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဥရောပတခွင်မှာ နယ်စပ်တင်းကြပ်မှု လုပ်လာ  ဥရောပတခွင်မှာ နယ်စပ်တင်းကြပ်မှု လုပ်လာ Reviewed by THITHTOOLWIN on 02:27 Rating: 5
Powered by Blogger.