ဂြိုဟ်တုနှင့်ဒုံးပျံ မြောက်ကိုရီးယားလွှတ်တင်ရန် စီစဉ်နေဟုဆို


 ဆိုးလ် စက်တင်ဘာ ၂၇

 လွန်ခဲ့သောသုံးနှစ်က ကမ္ဘာ မြေပြင်အထက် ၃၃၅ မိုင်အကွာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ၉၅ မိနစ်တိုင်း ကမ္ဘာကိုလှည့်ပတ်နေသော မြောက်ကိုရီးယား ဂြိုဟ်တုတစ်လုံး သည် ဟောင်းနွမ်းနေပြီဖြစ်သည့် အတွက် ပြုံယမ်းအနေဖြင့်နောက်ထပ် ဂြိုဟ်တု သို့မဟုတ် ဒုံးပျံစမ်းသပ်မှု ပြုလုပ်ဖွယ်ရှိကြောင်း တောင်ကို ရီးယားက ပြောသည်။

မြောက်ကိုရီးယားက လာမည့် လတွင် နောက်ထပ်ဂြိုဟ်တု အသစ် လွှတ်တင်ရန် စီစဉ်နေပြီး နျူ ကလီးယား လက်နက်တပ်ဆင် သည့် စနစ်ကိုလည်း စမ်းသပ်မှုပြုလုပ် နိုင်ကြောင်း တောင်ကိုရီးယားက ပြောသည်။

အောက်တိုဘာ ၁ဝ ရက် မြောက် ကိုရီးယားအာဏာရပါတီနှစ် ၇ဝ ပြည့်ချိန် ဂြိုဟ်တုအသစ်လွှတ်တင် ရန် မြောက်ကိုရီးယားက စီစဉ်နေ သည့်အပြင် ဒုံးပျံစမ်းသပ်မှုလည်း ပြုလုပ်ဖွယ်ရှိကြောင်း တောင်ကို ရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန် ဘောင်ဆီးက ပြောကြားလိုက်သည်။ နျူ ကလီးယားနှင့် ဒုံးပျံစမ်းသပ်မှုများ ပြုလုပ်ခဲ့ပါက အမေရိကန်အပါအဝင် နိုင်ငံတကာ ပိတ်ဆို့မှုများ ပိုမို ပြုလုပ်ဖွယ်ရှိသည်ဟုဆိုသည်။

မြောက်ကိုရီးယားက ၄င်း၏အာကာသအစီအစဉ်သည် ငြိမ်းချမ်း ရေးအတွက်သာဖြစ်ပြီး အချုပ် အခြာအာဏာကို ထိပါးလာပါက ဟန့်တားရန်အတွက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ လေ့လာသူ အများအပြားက ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာပတ် လမ်းကြောင်းအတွင်း ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့သော ပြုံယမ်း ၏ ကြိုးပမ်းမှုကိုချီးကျူးခဲ့ကြသည်။ လက်ရှိဂြိုဟ်တုသည် စွမ်းဆောင်ရည် နိမ့်ကျနေပြီး အလုပ်လုပ်နိုင်မှု အားနည်းနေကြောင်း ဂျာမန် အာကာသ အင်ဂျင်နီယာ မာကွတ် ရှီလာက ၂ဝ၁၃ ခုနှစ်တွင် ပြောကြား ခဲ့သည်။

ဂြိုဟ်တုသစ် တည်ဆောက် လွှတ်တင်ရန် အသင့်ဖြစ်နေပြီး အဆိုပါဂြိုဟ်တုကို အောက်တိုဘာ ၁ဝ ရက်တွင် လွှတ်တင်ရန် စီစဉ် ထားကြောင်း မြောက်ကိုရီးယား အာကာသအေဂျင်စီက လွန်ခဲ့သော သီတင်းပတ်က ပြောကြားခဲ့သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဂြိုဟ်တုနှင့်ဒုံးပျံ မြောက်ကိုရီးယားလွှတ်တင်ရန် စီစဉ်နေဟုဆို  ဂြိုဟ်တုနှင့်ဒုံးပျံ မြောက်ကိုရီးယားလွှတ်တင်ရန် စီစဉ်နေဟုဆို Reviewed by THITHTOOLWIN on 07:41 Rating: 5
Powered by Blogger.