Alaska အနီး နိုင်ငံတကာ ရေပြင်ထဲ တရုတ် သင်္ဘောတွေ တွေ့ရှိ

အမေရိကန်သမ္မတ အိုဘားမား Alaska ရောက်ရှိ။ (စက်တင်ဘာ ၂၊ ၂၀၁၅)
 တရုတ်ရေတပ် သင်္ဘော ၅ စင်းကို Alaska ကမ်းလွန် နိုင်ငံတကာ ရေပြင် မှာ တွေ့နေရတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒါဟာ တရုတ်ကမ်းခြေနဲ့ ဝေးလံတဲ့နေရာတွေမှာပါ စစ်အင်အားပြမယ့် စီမံကိန်းကို အကောင်ထည်ဖေါ်ဖို့ တရုတ်အစိုးရရဲ့ ကြိုးစားမှု အသစ်တရပ်လို့ လေ့လာသုံးသပ်သူ အများအပြားက မြင်ကြပါတယ်။

အမေရိကန် ပင်တာဂွန်စစ်ဌာန ပြောခွင့်ရ Bill Urban ကတော့ ဒီသင်္ဘော ၅ စင်း ရှိနေတယ် ဆိုတာကို မနေ့က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးခဲ့ပြီး ဒါဟာ Bering ပင်လယ်ပြင်ထဲမှာ တရုတ် ရေတပ်သဘောင်္တွေကို အမေရိကန်က ပထမဆုံး အကြိမ် တွေ့တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာရေပြင်ထဲ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ အညီ စစ်သင်္ဘောတွေ သွားလာခွင့်ရှိတဲ့ နိုင်ငံအားလုံးရဲ့ လွတ်လပ်ခွင့်ကို လေးစား ပါကြောင်း ပြောကြား ခဲ့သလို ဒီသဘောင်္တွေကို အမေရိကန် စစ်တပ်က နောက်ယောင်ခံ လိုက်နေတယ်လို့လည်း ပြောပါတယ်။

အမေရိကန် အရာရှိတွေအနေနဲ့ဒီသင်္ဘောတွေကနေ ခြိမ်းခြောက်မှုရှိတဲ့ လှုပ်ရှားမှု တစုံတရာ လုပ်တာမတွေ့ရဘူးလို့ သမ္မတ အိမ်ဖြူ ပြောခွင့်ရ Josh Earnest က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီသင်္ဘောတွေ ဘာရည်ရွယ်ချက် နဲ့ ရောက်နေတယ် ဆိုတာကိုတော့ သေသေချာချာ မသိရသေးဘူးလို့ ပြောပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိမ်းချုပ်နိုင်ရေးအတွက် သဘာဝ ဝန်းကျင်နဲ့ ပါတ်သက်တဲ့ သူ့ရဲ့ မူဝါဒတွေကို ပံ့ပိုးနိုင်ဖို့ အမေရိကန် သမ္မတ Barack Obama က Alaska ပြည်နယ်ကို ရောက်နေတုန်းမှာပဲ အခုလို့ တရုတ်သင်္ဘောတွေ ကို တွေ့နေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတအိုဘားမားရဲ့ ခရီးစဉ်နဲ့ တိုက်ပြီး တရုတ်အစိုးရက သူ့ ရေတပ် သဘောင်္တွေကို ချထားတာတော့ဖြစ်နိုင်ခြေ သိပ်မရှိဘူးလို့ CSIAမဟာဗျူဟာ နဲ့ နိုင်ငံတကာ လေ့လာရေး ဗဟိုဌာနကRalp Cossa ကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Alaska အနီး နိုင်ငံတကာ ရေပြင်ထဲ တရုတ် သင်္ဘောတွေ တွေ့ရှိ  Alaska အနီး နိုင်ငံတကာ ရေပြင်ထဲ တရုတ် သင်္ဘောတွေ တွေ့ရှိ Reviewed by THITHTOOLWIN on 03:11 Rating: 5
Powered by Blogger.