ဟစ်ဟော့အဆိုတော် X Box ဆေးခြောက် ၈ ဂရမ် ကားပေါ် ပါလာသည့်ကိစ္စ စစ်ဆေးခံနေရ


 မော်တော်ယာဉ်ပေါ်မှ ဆေးခြောက် ၈ ဂရမ်ခန့် ဖမ်းဆီးမိခဲ့သည့် ဟစ်ဟော့အဆိုတော် X Box နှင့် သူ ငယ်ချင်း ၃ ဦးကို သြဂုတ် ၁၈ ရက် ညပိုင်း၌ ဗဟန်းမြို့နယ် ရဲစခန်းတွင် (ပ)မူးယစ် ၁၅/၂၀၁၅ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း အဆိုပါရဲစခန်းမှ သိရှိရသည်။

“ကျွန်တော်တို့ မော်တော်ယာဉ်တွေကို စစ်ဆေးနေစဉ်မှာ ဖမ်းမိခဲ့တာပါ။ ၈ ဂရမ်လောက်တော့ ရှိပါတယ်။ လတ်တလောကတော့ စစ်ဆေးနေတုန်းပါပဲ။ ဗဟန်းရဲစခန်းမှာပဲ ချုပ်ထားပါတယ်” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့၊ ရဲမှူးခင်မောင်ကြည်က ပြောသည်။

၎င်းင်းတို့ကို သြဂုတ် ၁၇ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ဟစ်ဟော့အဆိုတော် X Box သည် ၎င်းင်း၏သူငယ်ချင်း ပိုင်ဆိုင်သောကားကို လိုက်ပါစီးလာစဉ် ဗိုလ်ချို ၂ ရပ်ကွက် နတ်မောက်လမ်းနှင့် ဖိုးစိန်လမ်းထောင့်အရောက် ညဘက် မော်တော်ယာဉ်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်ကြားတာကတော့ X Box ဟာ မဟုတ်ဘူး။ သူ့သူငယ်ချင်းတွေရဲ့ ပစ်္စည်းလို့ကြားတယ်။ X Box ကလည်း ကားပေါ်မှာ အတူတူဆိုတော့ စစ်ဆေးခံရတဲ့ပုံစံပါ။ သူငယ်ချင်းဆိုပေမယ့် ဒီလိုဟာမျိုး ယူလာတာ မသိနိုင်ဘူးဆိုတော့ သူ့နေရာမှာ ကိုယ်ဆိုလည်း ဒီကားမှာ အတူတူစီးမိမှာပဲ။ ကားက သူ့ကား မဟုတ်တဲ့အတွက် သူစစ်ဆေးခံပြီးရင် ပြန်လာမှာပါ” ဟု X Box ၏ သူငယ်ချင်းအဆိုတော်ထက်ယံက ပြောသည်။

အဆိုတော် X Box သည် ဟစ်ဟော့လူငယ်အဆိုရှင်အဖြစ် အနုပညာ လှုပ်ရှားမှုများကို 4 Alblum အဖွဲ့နှင့်အတူ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိရန် ပြင်ဆင်နေကြောင်း သိရသည်။

ဟစ်ဟော့အဆိုတော် X Box မှာ မူးယစ်ဆေးဝါးသုံးစွဲသော လက္ခဏာများကို မတွေ့ရှိရကြောင်း ဖြေရှင်းထားပြီး X Box ၏ ကျန်းမာရေးမှာလည်း ကောင်းမွန်လျက်ရှိကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ဟစ်ဟော့အဆိုတော် X Box ဆေးခြောက် ၈ ဂရမ် ကားပေါ် ပါလာသည့်ကိစ္စ စစ်ဆေးခံနေရ  ဟစ်ဟော့အဆိုတော် X Box ဆေးခြောက် ၈ ဂရမ် ကားပေါ် ပါလာသည့်ကိစ္စ စစ်ဆေးခံနေရ Reviewed by THITHTOOLWIN on 15:53 Rating: 5
Powered by Blogger.