ပန်းဘဲတန်းမြို့နယ်တွင် Level (3) အဆင့်ရှိ မီးလောင်မှုဖြစ်ပွား နောက်ဖေးလမ်းကြားများ နယ်နိမိတ်တွင် အဆောက်အအုံများ ဆောက်ထား၍ မီးငြှိမ်းသတ်ရာတွင် ခက်ခဲမှုများရှိ


ရန်ကုန် သြဂုတ် ၁၆

 ယနေ့ ညနေ ၅ နာရီ မိနစ် ၅ဝ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးပန်းဘဲ တန်းမြို့နယ် ကုန်သည်လမ်းနှင့် ကုန် ဈေးတန်းလမ်းထောင့်ရှိ တိုက်အမှတ် (၂၆) ပထမထပ်ရှိ တိုက်ခန်းနှစ်ခန်း ၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကို ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့မှ Level (3) အဆင့်သတ်မှတ်ပြီး မီးသတ်ကား အစီး ၅ဝ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ ကြောင်း၊ ည ၇ နာရီခွဲတွင် မီးငြှိမ်း သတ်နိုင်ခဲ့ပြီး လူအသေအပျောက် မရှိကြောင်း သိရသည်။ မီးလောင် ကျွမ်းသည့် ပျက်စီးဆုံးရှုံးမှု စုစုပေါင်း တန်ဖိုးကို ကနဦးတွက်ချက်နေဆဲ ဖြစ်ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ သိရသည်။


အဆိုပါ မီးလောင်ကျွမ်းမှု နှင့်ပတ်သက်ပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြား ရေးမှူး ဦးသော်တာက ''ဒီနေ့ ဗဟို မီးသတ်ကို ညနေ ၆နာရီမှာ မီးလောင် တဲ့ သတင်းရောက်တယ်။ ခန့်မှန်းတာ ကတော့ ညနေ ၅ နာရီ မိနစ် ၅ဝ ခန့်ကစပြီး လောင်တယ်လို့ခန့်မှန်း ပါတယ်။ ည ၇ နာရီမှာ မီးထိန်းနိုင်ပြီး တော့ ည ၇ နာရီ ၃၅မိနစ်မှာ မီးလုံးဝ ငြိမ်းသွားခဲ့ပါတယ်။ မီးကိုLevel (3) အဆင့် သတ်မှတ်ပါတယ်။ မီးသတ် ကားအစီး ၅ဝကျော်ပါတယ်။ အသေ အပျောက်မရှိဘူး။ ဒဏ်ရာရသူ အနည်းငယ်တော့ ရှိပါတယ်။ အိမ် သုတ်ဆေးတွေ၊ သင်နာတွေအထဲမှာ သိုလှောင်ထားတယ်။ နောက် ဂက်စ် အိုးလည်း ရှိနေတဲ့အတွက် မီးသတ်ရ တာခက်ခဲခဲ့ပါတယ်။ ဖြစ်စဉ်အသေး စိတ်ကိုတော့ စုံစမ်းရဦးမှာဖြစ်ပါတယ်။ အခု မီးလောင်တဲ့တိုက်က သစ်သားနဲ့ ပဲကာထားလို့ မီးကူးတာ။ မြန်မာ-မူဆလင်အဖွဲ့ချုပ်ဘက်က အုတ်နဲ့ကာ ထားတဲ့အတွက် အဲ့ဒီဘက်ကို မကူး ဘူး။ မီးကူးသွားတဲ့တိုက်က သစ်သား နဲ့ ကာထားတဲ့အတွက်ကြောင့်ပါ။

''မီးသတ်ရတဲ့ အခက်အခဲက တော့ ကုန်သည်လမ်းဘက်မှာ နောက် ဖေးလမ်းကြားတွေကို ပိတ်ဆောက် ထားတဲ့အတွက်ကြောင့် မီးသတ်ရတာ အခက်တွေ့ခဲ့တယ်။ အဓိကကတော့ နောက်ဖေးလမ်းကြားတွေကို ခိုး မဆောက်ဖို့လိုတယ်။အခုက တစ်ဆစ် ချိုးတွေ ဆောက်ထားတယ်။ အိမ်ထဲ ကနေ လူတစ်ကိုယ်စာ ဝင်စာကနေ ခက်ခက်ခဲခဲ ဝင်ငြှိမ်းရတယ်။

''လှောင်ထားတဲ့ ကုန်ပစ္စည်းတွေ ကလည်း များလွန်းတယ်။ မြို့ထဲမှာ ဒါမျိုးတွေ မလှောင်သင့်ဘူးပေါ့။ ဘေး က RC နဲ့ ဆောက်ထားတဲ့ အဆောက် အအုံတွေမို့ မကူးနိုင်တာပါ။အောက် ခြေလုံးဝမလောင်ပါဘူး။ ပထမထပ်ပဲ လောင်တယ်။ ပထမထပ် နှစ်ခန်း။ (၁၂ x ၅ဝ)ပေ လောက်ရှိတယ်''ဟု ပြောသည်။

သြဂုတ် ၁၃ ရက်က ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်၌ Level (1) အဆင့်ရှိ မီးလောင်ကျွမ်း မှုတစ်ခု၊ သြဂုတ် ၁၄ ရက်က ကြည့်မြင်တိုင်မြို့နယ်တွင် Level (2) အဆင့်ရှိ မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ သြဂုတ် ၁၆ ရက်တွင် ပန်းဘဲတန်းမြို့နယ်၌ Level (3) အဆင့်ရှိ မီးလောင်မှု ထပ်မံဖြစ်ပွား ခဲ့ခြင်းကြောင့် မိုးတွင်းကာလ ယခု ရက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၌ မီးလောင်မှုများ ဆက်တိုက်ဆို သလို ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၆ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပန်းဘဲတန်းမြို့နယ်၌ မီးလောင်ခဲ့မှုကို မျက်မြင်တွေ့ရှိခဲ့ သူများနှင့် တာဝန်ရှိသူများကို အခင်း ဖြစ်ပွားစဉ်တွင် မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်။


ဦးရဲလွင် တိုင်းဦးစီးမှူး(ဒုတိယတန်းစီမံ) ရန်ကုန်တိုင်းဒေသကြီး  ကြက်ခြေနီတပ်ဖွဲ့

သေဆုံးတဲ့လူ မရှိဘူး။ ဒဏ်ရာ ရတဲ့ လူလည်းမရှိဘူး။ မြောင်းထဲ ချော်ကျတဲ့သူနဲ့ မွန်းကျပ်တဲ့သူပဲ ရှိတယ်။ အသက် (၃၅ နှစ်)အရွယ် အမျိုးသမီးကတော့ ကားထဲမှာနေရင်း အသက်ရှူကျပ်တဲ့အတွက် ရန်ကုန် ဆေးရုံကြီးကို ပို့ပေးရတယ်။ အဲ့ဒီ တိုက်ကပဲ ထင်ပါတယ်။ မီးခိုးမွှန်သွား တယ်နဲ့တူတယ်။ လူနာတင်ကားငါးစီး၊ ကြက်ခြေနီအင်အား ၉၇ ဦးနဲ့ ကူညီဖို့ လာတာပါ။ အဆင့်သုံး သတ်မှတ်တဲ့ အတွက် မြို့နယ်ပေါင်းစုံက ရောက် လာတာပါ။


ကိုဇင်မင်းဦး (ကုန်သည်လမ်းနှင့် ကုန်ဈေးတန်းလမ်းထောင့်နေ ပြည်သူတစ်ဦး)

မီးခိုးတွေ တော်တော်များများ ထွက်နေတယ်။ စလောင်တော့ မြင် နေရတယ်။ မီးခိုးတွေအလုံးလိုက် ထွက်နေတာပေါ့။ အဲ့ဒါကြောင့် မီးသတ်ကို ဖုန်းဆက်လိုက်တယ်။ မီးသတ်ကားတွေ အများကြီးလာပြီး ငြှိမ်းကြတယ်။


ဦးတင်အေး (ကုန်ဈေးတန်းလမ်းနေ ပြည်သူတစ်ဦး)

အိမ်မှာကတော့ ဘယ်သူမှ မရှိ ကြဘူး။ လမ်းသူလမ်းသားတွေက မီးသတ်ကားခေါ်ကြတယ်။ အဲ့ဒီအိမ် မှာက မိန်းကလေးတွေချည်းပဲ။ ပထမ ထပ်ကနေစလောင်တယ်။ အိမ်ကနေ အသံကြားတယ်။ မျက်နှာချင်းဆိုင် တိုက်မှာနေတာပါ။ မီးလောင်တဲ့ တိုက်အနားမှာရှိတဲ့ ကားတွေကို ဝိုင်း ရွှေ့ကြတယ်။ မီးသတ်ကားက မီး လောင်ပြီးနောက် နာရီဝက်လောက် မှာ ရောက်လာတယ်။ ခန့်မှန်းခြေ နှစ် နာရီလောက်ကြာတယ်။ ဆီလီကွန် ကော်ဘူးတွေပဲ တိုက်ထဲမှာရှိတာပါ။ သိမ်ကြီးဈေးမှာ ဆိုင်ရှိကြတယ်။ ကျန် တဲ့လောင်စာ တစ်ခုမှမရှိပါဘူး။

သတင်း-မြန်မာ့သတင်းစဉ် သတင်းအဖွဲ့
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပန်းဘဲတန်းမြို့နယ်တွင် Level (3) အဆင့်ရှိ မီးလောင်မှုဖြစ်ပွား နောက်ဖေးလမ်းကြားများ နယ်နိမိတ်တွင် အဆောက်အအုံများ ဆောက်ထား၍ မီးငြှိမ်းသတ်ရာတွင် ခက်ခဲမှုများရှိ   ပန်းဘဲတန်းမြို့နယ်တွင် Level (3) အဆင့်ရှိ မီးလောင်မှုဖြစ်ပွား နောက်ဖေးလမ်းကြားများ နယ်နိမိတ်တွင် အဆောက်အအုံများ ဆောက်ထား၍ မီးငြှိမ်းသတ်ရာတွင် ခက်ခဲမှုများရှိ Reviewed by THITHTOOLWIN on 04:07 Rating: 5
Powered by Blogger.