IS စစ်ဆင်ရေး ဘိရှော့ပ် တိုက်တွန်း

ဆီးရီးယားက IS တွေကို လေကြောင်းစစ်ဆင်ဖို့ Julie Bishop u တိုက်တွန်းလိုက်ပါတယ်။ (Credit: AFP)
အစ္စလာမ်မစ်သူပုန် ​IS ​တွေကို ​လေကြောင်းကနေ ​ထိုးစစ်ဆစ်တဲ့ ​အရေးမှာ ​ဥရောပ ​သမဂ္ဂ ​အီးယူးတွေအနေနဲ့ ​ပါဝင်ကြဖို့ ​သြစတြေးလျ ​၀န်ကြီးချုပ် ​ဂျူလီဘိရှော့ပ် ​က ​တိုက်တွန်းလိုက်ပါတယ်။

ဥရောပမှာ ​နိုင်ငံရေး ​ခိုလုံဖို့ ​ရောက်လာကြတဲ့သူ ​ဦးရေဟာလည်း ​အခုတလော ​မြင့်တက်လာနေပါတယ်။

ဆီးရီးယားကနေ ​ပြည်သူ ​၄၀% ​လောက်ထွက်ပြေးနေကြပြီး ​အကြမ်းဖက်သမားတွေကို ​လေကြောင်းကနေ ​ထိုးစစ်ဆင်သွားမယ်ဆိုရင် ​IS ​တွေရဲ့ ​နယ်မြေပိုင်ဆိုင်မှုကို ​ရပ်တန့်သွားနိုင်တဲ့အတွက် ​ဒီထိုးစစ်ဟာ ​ဥရောပအတွက် ​အကျိုးရှိနိုင်တယ်လို့ ​၀န်ကြီးချုပ် ​ဂျူလီဘိရှော့ပ် ​က ​ပြောပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ​ပါမာရာမြို့မှာ ​ရှေးဟောင်းဝတ်ကျောင်း ​တခုကို ​အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ ​IS ​တွေက ​ထပ်မံဖျက်ဆီးလိုက်ပါတယ်။

ဒါဟာ ​သီတင်းပတ် ​၁ ​ပတ်အတွင်း ​ဒုတိယမြောက် ​ပျက်ဆီးခံရတာလည်း ​ဖြစ်ပြီး ​ပထမ ​၀တ်ကျောင်းကိုလည်း ​IS ​တွေက ​ဗုံးခွဲခဲ့ကြပါတယ်။

By political reporter James Glenday
ABC Radio Australia
http://www.radioaustralia.net.au/burmese
IS စစ်ဆင်ရေး ဘိရှော့ပ် တိုက်တွန်း IS စစ်ဆင်ရေး ဘိရှော့ပ် တိုက်တွန်း Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.