သူရဦးရွှေမန်းချွေးမပိုင်သောချယ်ရီ FM ပြန်လည်ထုတ်လွှင့်ခွင့်ရ

ဓါတ်ပုံ - ချယ်ရီ FM (fb) 
 သူရဦးရွှေမန်းရဲ့ချွေးမ တည်ထောင်ထားတဲ့ ချယ်ရီ FM ရေဒီယို အစီအစဉ်တွေကိုယနေ့ ( သြဂုတ်လ ၁၉ ) ညနေ ၆ နာရီက စတင်ကာ ပြန်လည်ထုတ်လွှင့် တော့မည်လို့ အဆိုပါ FM ရဲ့ အထွေထွေ မန်နေဂျာကိုသန်းထွေးဇော် ကဘီဘီစီကို ပြောပါတယ်။

တစ်ဦးတစ်ယောက်အတွက်သို့ မဟုတ်ပါတီအဖွဲ အစည်းတစ်ခုအတွက် ဦးတည်ပြီးမဲဆွယ်ခြင်း မပြုလုပ်ရ အချက် အပါ အ၀င် အချက် ၆ ချက်ကိုလိုက်နာမည်ဆိုပါ က ပြန်လည်ထုတ်လွှင်ခွင့်ပေးမည် ဟုသက် ဆိုင် ရာ ကအကြောင်းကြားလာသည်ကို ချယ်ရီ FM တာဝန်ရှိသူတွေက လက်ခံလိုက်တဲ့အတွက် ပြန်လည်ထုတ် လွှင့်ရတာလို့ ကိုသန်းထွေးဇော်က ဘီဘီစီကိုပြောပါတယ်။

သူရဦးရွှေမန်းကိုပြည်ခိုင်ဖြိုးပါတီဥက္ကဌ ရာထူးက ဖယ်ရှားပြီးနောက်တစ်နေ့ မှာပဲသူချွေးမိုင် ချယ်ရီ FM အား မိမိဆန္ဒဖြင့် ၃ လရပ်နားကြောင်းစာ တင်ရန်ညွှန်ကြားပြီးခဲ့ပြီးထို့ နေကစ ချယ်ရီ FM ထုတ်လွှင့်ခြင်းတွေကို ရပ်နားခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
သူရဦးရွှေမန်းချွေးမပိုင်သောချယ်ရီ FM ပြန်လည်ထုတ်လွှင့်ခွင့်ရ   သူရဦးရွှေမန်းချွေးမပိုင်သောချယ်ရီ FM ပြန်လည်ထုတ်လွှင့်ခွင့်ရ Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.