တောင်ကျချောင်းရေတိုက်စားမှုကြောင့် လူနေအိမ် ၇၃ လုံး ရေထဲမျောပါ

မာလဲ-နတ်တောင် ရေလှောင်တမံ(စဥ့်ကူးမြို့ နယ်) ရေပိုလွှဲ အနီးရှိ ဆည်ဦးဘုရား ။ ဓါတ်ပုံ - စောအေး (fb)
 စဥ့်ကူး သြဂုတ် ၁၆

 မန္တလေးတိုင်း ဒေသကြီး စဥ့်ကူး မြို့နယ် နတ်တောင်ကျေးရွာအုပ်စု ဝါးပိုးကျေးရွာနှင့် ပါပေါကျေးရွာတို့ ၌ သြဂုတ် ၁၄ ရက်က မိုးသည်းထန် စွာရွာသွန်းခဲ့ပြီး လေးပေမှ ခြောက်ပေ အမြင့်ရှိ တောင်ကျရေ တစ်ရှိန်ထိုး စီးဆင်းမှုကြောင့် ချောင်းရိုး တစ်လျှောက်ရှိ လူနေအိမ်များ မျောပါပျက်စီးခဲ့ကြောင်း သိရသည်။

မာလဲ-နတ်တောင် ရေလှောင်တမံ(စဥ့်ကူးမြို့ နယ်)  ရေပိုလွှဲမှ ရေကျော်နေမှု ။ ဓါတ်ပုံ - စောအေး (fb)
အဆိုပါ တောင်ကျရေကြောင့် နတ်တောင်ကျေးရွာအုပ်စုရှိ ဝါးပိုး ကျေးရွာတွင် လူနေအိမ် ၅၆ လုံးနှင့် ပါပေါကျေးရွာတွင် လူနေအိမ် ၁၇ လုံးရေစီးတွင်မျောပါခဲ့ပြီး လူနေအိမ် ၁၄ လုံး ပြိုကျပျက်စီးမှုများဖြစ်ပွား ခဲ့သည်။ အဆိုပါကျေးရွာသည် မြို့နှင့် အလှမ်းကွာဝေးပြီး ဆက်သွယ်သွား လာမှုမလွယ်ကူခြင်း၊ ရွှေသတ္တု တူးဖော်ရေးကုမ္ပဏီများမှ ဖောက်လုပ် ထားသော ယာယီလမ်းမှ သွားလာရ ခြင်းနှင့် တောင်ကျရေများနေခြင်းတို့ ကြောင့် ချက်ချင်းကူညီ စောင့်ရှောက် နိုင်မှု အခက်အခဲများရှိနေခဲ့ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်သန်းနှင့်အဖွဲ့သည် သြဂုတ် ၁၅ ရက်က အဆိုပါကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာတာဝန်ရှိသူ များနှင့် တွေ့ဆုံကာ တောင်ကျရေ တိုက်စားမှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ကူညီစောင့် ရှောက်ခြင်း၊ ဘေးလွတ်ရာသို့ ပြောင်း ရွှေ့နေရာချထားခြင်းနှင့် အခြား လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့် စားသောက်နိုင်ရေးတို့အတွက် ထို ဒေသရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေး လျက်ရှိသည်။

''ကျွန်တော် ဒီရွာမှာ နေလာတာ အနှစ် ၃ဝ ကျော်ရှိပါပြီ၊ ဒီလိုအဖြစ် မျိုးနဲ့ ကြုံတာ ဒါနဲ့ဆိုရင် လေးကြိမ် ရှိပါပြီ။ ၁၉၇၇ ခုနှစ်ကဆိုရင် ဒီ့ထက် ပိုဆိုးတယ်၊ မြေတွေပြို တောင်တွေ ပြိုဖြစ်ခဲ့ပြီး လူအသေအပျောက် များခဲ့တယ်။ အဲဒီတုန်းက ဒီလောက် လူနေထိုင်မှုမများသေးဘူး။ ၂ဝဝ၂ ခုနှစ်မှာ တစ်ကြိမ်၊ ၂ဝ၁ဝ ပြည့်နှစ်မှာ တစ်ကြိမ်၊ အခုနှစ်ရောဆိုရင် လေးကြိမ်ရှိပါပြီ။ အခုတစ်ကြိမ်ဖြစ် တာက ညပိုင်းမှာမဟုတ်ဘဲ နေ့ပိုင်းမှာ ဖြစ်တော့ တစ်ရွာလုံးကံကောင်း ပါတယ်။ ရေကတစ်ရှိန်ထိုး ရုတ် တရက် ကျလာတာမျိုးဆိုတော့ ညပိုင်းမှာဆိုရင် အသေအပျောက် တွေများနိုင်တယ်''ဟု အဆိုပါ ကျေးရွာသားတစ်ဦးက ပြောပြ သည်။

ဝင်းမောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ကျချောင်းရေတိုက်စားမှုကြောင့် လူနေအိမ် ၇၃ လုံး ရေထဲမျောပါ   တောင်ကျချောင်းရေတိုက်စားမှုကြောင့် လူနေအိမ် ၇၃ လုံး ရေထဲမျောပါ Reviewed by THITHTOOLWIN on 04:06 Rating: 5
Powered by Blogger.