တောင်ကမ်းပါးပြိုကျ၍ လမ်းများပိတ်ဆို့၊ နေအိမ်ပြိုကျပျက်စီး၍ လူတစ်ဦးသေဆုံး


 မိုးကုတ် သြဂုတ် ၁၇

 မိုးကုတ်မြို့နယ်တွင် သြဂုတ် ၁၅ ရက် နံနက် ၂ နာရီမှ နံနက် ၉ နာရီအထိ မိုးရေချိန် ၆ ဒသမ ၁ဝ လက်မ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့နယ်အတွင်း နေအိမ်အဆောက်အအုံ ပြိုကျပျက်စီးမှုများ၊ အုတ်တံတိုင်းပြိုကျပျက်စီးမှုများ၊ တောင်ကမ်းပါးများ ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး လမ်းတံတား ပိတ်ဆို့မှုများနှင့် လူသေဆုံးမှုတို့ ဖြစ်ပွားခဲ့သည်။

 အဆိုပါ မိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက်၊ ချမ်းမြေ့သာယာရပ် ဦးဇော်အောင်၏ (2×1) ခန်း၊ တစ်ထပ်သွပ်မိုး နေအိမ်ပြိုကျ ပျက်စီးခဲ့သဖြင့် ဦးဇော်အောင်၏ ဇနီးဖြစ်သူ ဒေါ်ရင်မိုးသည် မြေပိ၍ သေဆုံးခဲ့ကြောင်းသိရပြီး နေအိမ်ပြိုကျမှု၊ နေအိမ်အစိတ်အပိုင်းပျက်စီးမှုနှင့် နေအိမ်ခြံစည်းရိုး အုတ်တံတိုင်း ပျက်စီးမှုကို နေအိမ် ရှစ်လုံးဖြစ်ခဲ့ပြီး အဆိုပါ ဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာများသို့ မြို့နယ်ကူညီ ကယ်ဆယ်ရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ပြည်သူများနှင့်အတူ ကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။

မိုးကုတ်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
တောင်ကမ်းပါးပြိုကျ၍ လမ်းများပိတ်ဆို့၊ နေအိမ်ပြိုကျပျက်စီး၍ လူတစ်ဦးသေဆုံး  တောင်ကမ်းပါးပြိုကျ၍ လမ်းများပိတ်ဆို့၊ နေအိမ်ပြိုကျပျက်စီး၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.