ဆိုင်ကယ်နောက်မှထိုင်စီးသူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး


 မြို့သစ် သြဂုတ် ၂၉

 မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် မြို့သစ်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၇ ရက် နံနက် ၁၁ နာရီ မိနစ် ၅ဝ က မြို့သစ်မြို့နယ် ပုတီး ကုန်းကျေးရွာအနီး တောင်တွင်းကြီး-မြို့သစ် ကားလမ်း မိုင်တိုင်အမှတ် (၁၃/ဝ)နှင့် (၁၃/၁) အကြား၌ အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ နံနက် ၁၁ နာရီခွဲက ယင်းလမ်းအတိုင်း တောင်တွင်းကြီး မြို့နယ်ဘက်မှ မြို့သစ်မြို့နယ်ဘက်သို့ မြို့သစ်မြို့နယ် ကျောင်းကုန်းကျေးရွာနေသူ အောင်မျိုးခန့်(၁၉ နှစ်)သည် ၄၂ယ/---YUBAO 125 ဖြူနက်ကြား ဆိုင်ကယ် နောက်တွင် အစ်မဖြစ်သူ မသဲရွှေရည်နှင်း(ခ)သဲသဲ (၂ဝ နှစ်)ကို တင်ဆောင်၍ အရှိန်ပြင်းစွာ မောင်းနှင် လာစဉ် မသဲရွှေရည်နှင်း(ခ)သဲသဲမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဒဏ်များရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဆိုင်ကယ်မဆင် မခြင် မောင်းနှင်သူ အောင်မျိုးခန့်ကို မြို့သစ်မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရသည်။

မောင်ညီညာ(မြေလတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆိုင်ကယ်နောက်မှထိုင်စီးသူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး  ဆိုင်ကယ်နောက်မှထိုင်စီးသူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 08:22 Rating: 5
Powered by Blogger.