ရေဘေးအတွက် သြစတြေးလျက ၃ သန်းကူညီမည်

(Credit: AAP) 
 မြန်မာ့ရေဘေးအတွက် ​နိုင်ငံတကာမှာ ​ကူညီနေကြရာမှာ ​သြစတြေးလျနိုင်ငံကလည်း ​စုစုပေါင်း ​ဒေါ်လာ ​၃ ​သန်းကူညီသွားမယ်လို့ ​သြစတြေးလျနိုင်ငံခြားရေး ​၀န်ကြီး ​ဂျူလီဘီရှော့က ​ပြောကြားလိုက်ပါတယ်။

ဒါဟာ ​ပြီးခဲ့တဲ့ ​ဗုဒ္ဓဟူးနေ့က ​ဒေါ်လာ ​၂ ​သန်းကူညီဖို့ ​ကြေငြာခဲ့ပြီး ​သောကြာနေ့မှာ ​ဒေါ်လာ ​၁ ​သန်း ​အပို ​ကူညီဖို့ ​ထပ်မံ ​ကြေငြာခဲ့တာ ​ဖြစ်ပါတယ်။

ဒီအတွက် ​မြန်မာနိုင်ငံမှာ ​ကူညီပေးနေတဲ့ ​ကယ်ဆယ်ရေးလုပ်သားတွေက ​အထူးဝမ်းမြောက်စွာ ​ကြိုဆိုလိုက်ပါတယ်။

အဲဒီလို ​အကူအညီပေးနေတဲ့ ​အဖွဲ့အစည်းတွေထဲမှာ ​Save ​the ​Children ​အဖွဲလည်း ​အပါအ၀င်ဖြစ်ပြီး ​သူတို့ရဲ့ ​ခန့်မှန်းချက်အရ ​ကလေးငယ်ပေါင်း ​တစ်သိန်းကျော်ဟာ ​ရေဘေးဒုက္ခသည်တွေ ​ဖြစ်ကြောင်းနဲ့ ​လုံလောက်တဲ့ ​အစားအစား ​နဲ့ ​သောက်သုံးရေ ​လိုအပ်နေကြောင်း ​ပြောကြားခဲ့ပါတယ်။

အဲဒီအဖွဲ့အစည်းရဲ့ ​ဆက်သွယ်ရေး ​တာဝန်ခံ ​Lynette ​Lim ​က ​အခုလို ​အပိုငွေ ​၁ ​သန်း ​ကူညီတာဟာ ​လတ်တလော ​သောက်သုံးရေ ​ရရှိဖို့၊ ​အခြေခံ ​အိမ်သုံးပစ္စည်းတွေ ​ပေးဝေနိုင်ဖို့နဲ့ ​သစ်ပင်တွေ ​ပြန်လည် ​စိုက်ပျိုးရေးမှာ ​အကူအညီဖြစ်စေမှာ ​ဖြစ်ကြောင်း ​ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှ ​ဒေါ်လာ ​၆ ​သိန်းဖိုးတန်တဲ့ ​အထောက်အပံ့တွေနဲ့ ​အတူ ​ဂျပန်နိုင်ငံကလည်း ​ဒေါ်လာ ​တစ်သိန်းခွဲတန်တဲ့ ​အထောက်အပံ့တွေ ​အပြင် ​ဗီယက်နမ်နိုင်ငံကလည်း ​ဒေါ်လာ ​နှစ်သောင်းဖိုးတန်တဲ့ ​ရေသန့်တွေကို ​ကူညီခဲ့ကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ရေဘေးအတွက် သြစတြေးလျက ၃ သန်းကူညီမည်  ရေဘေးအတွက် သြစတြေးလျက ၃ သန်းကူညီမည် Reviewed by သစ်ထူးလွင် on 09:19 Rating: 5
Powered by Blogger.