ဒေါ်အောင်ဆန်းစုကြည် မင်းဘူး မိန့် ခွန်း (ရုပ်/သံ)


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၉ ရက်နေ့ ယနေ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ်က နေပြည်တော် နှင်းဆီစံအိမ်မှ မကွေးတိုင်း မင်းဘူးမြို့သို့ ထွက်ခွာလာရာ မင်းဘူးမြို့သို့ မွန်းလွဲ ၄ နာရီ ကရောက်ရှိခဲ့ပြီး မကွေးတိုင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းနောက် မင်းဘူးမြို့ မန်းသီတာဟော်တည် ရှေ့တွင် လာရောက် စောင့်ဆိုင်းနေကြသော မင်းဘူးပြည်သူလူထုအား မိန့်ခွန်းပြောကြားခဲ့သည်။ ပြည်သူများအနေဖြင့် အဖွဲ့ချုပ်ကိုယ်စားလှယ်များအား လူပုဂ္ဂိုလ်ကိုယ်ကို မကြည့်ဘဲ ပါတီကိုသာကြည့်ပြီး ၁၀၀% အောင်နိုင်ရန်အတွက် မဲပေးကြရန်ပြောကြားခဲ့သည်။ National League for Democracy (fb)






ဒေါ်အောင်ဆန်းစုကြည် မင်းဘူး မိန့် ခွန်း (ရုပ်/သံ)  ဒေါ်အောင်ဆန်းစုကြည် မင်းဘူး မိန့် ခွန်း (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 02:15 Rating: 5
Powered by Blogger.