ဗုံးပေါက်ကွဲသည့်နေရာတ၀ိုက်က လုံခြုံရေးကင်မရာများ အလုပ်မလုပ်


ဘန်ကောက်မြို့ မှာ ဗုံးပေါက်ကွဲခဲ့တဲ့ အီရာဝန်ဘုရားဝင်းအနီးက လမ်းတလျှောက်မှာ တပ်ထားတဲ့ CCTV ကင်မရာ အလုံးရေ ၂၀ အထိရှိခဲ့ပြီး ၅ လုံးသာ အလုပ်လုပ်တာတွေ့ရတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောကြောင်း အမေရိကန်နိုင်ငံ CBS သတင်းဌာနက ဒီကနေ့ ရေးသားပါတယ်။

လုံခြုံရေးကင်မရာက ရတဲ့ သဲလွန်စဟာလည်း မှုန်ဝါးဝါးဖြစ်နေတဲ့အတွက် နောက်ထပ် သဲလွန်စရှာဖို့ ခက်ခဲနေကြောင်း ထိုင်းရဲတပ်ဖွဲ့မှာ အမေရိကန်ရုပ်ရှင် CSI စီအက်စ်အိုင်ထဲကလို နည်းပညာလည်း မရှိတဲ့အတွက် အခက်အခဲဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ က ပြောတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သတင်းပတ် တနင်္လာနေ့က အီရာဝန်ဘုရားဝင်းအတွင်းမှာ ဗုံးပေါက်ကွဲတာကြောင့် လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

(ထိုင်းရဲတပ်ဖွဲ့သဲလွန်စရှာဖွေနေစဉ် သြဂုတ်လ ၁၈ ရက်၊ ဓါတ်ပုံ ပီမွတ် RFA)

RFA Burmese
https://www.facebook.com/pages/RFA-Burmese
ဗုံးပေါက်ကွဲသည့်နေရာတ၀ိုက်က လုံခြုံရေးကင်မရာများ အလုပ်မလုပ်  ဗုံးပေါက်ကွဲသည့်နေရာတ၀ိုက်က လုံခြုံရေးကင်မရာများ အလုပ်မလုပ် Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.