ရေကြီးရေလျှံခြင်း နှင့် မြွေအန္တရာယ်


ဇူလိုင် ၁၆ ရက်ကစ၍ မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့ နယ်မှာ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေရာ ရေဘေး ဒဏ်သင့် ဒေသခံအချို့ မှာ မြွေကိုက်ခံရမှုများ ရှိနေပြီး မြို့ နယ်ဆေးရုံတွင် သုံးဦး တက်ရောက် ဆေးကုခဲ့သည့် အနက် တစ်ဦးမှာ သေဆုံးသွားကြောင်း အဆိုပါမြို့ နယ်ဆေးရုံမှ တာဝန်ကျ သူနာပြုဆရာမ တစ်ဦးက အတည်ပြု ပြောကြား ခဲ့ပါတယ်။

''ရေကြီးလို့ ဆေးရုံကို မြွေကိုက်လူနာ သုံးဦးရောက် လာတယ်။ တစ်ဦးကတော့ သွားလာရေး အခက်အခဲကြောင့် ဆေးရုံကို ရောက်လာပေမယ့် အသက်က ပါမလာတော့ဘူး။ အဲဒါ ဇူလိုင် ၂၂ ရက်ကပါ။ ကျန်လူနာ နှစ်ဦးကတော့ ဇူလိုင် ၂၃ ရက်မှာ ဆေးရုံကို ရောက်ရှိလာခဲ့တယ်။ မြွေဟောက်အကိုက်ခံရတာ၊ သက်သာပါတယ်။ ဆေးရုံမှာ မြွေဆိပ်ဖြေဆေးလည်း ပြည့်စုံတယ်။ မြွေဆိပ်ဖြေဆေးက တော့BPI နဲ့ အိန္ဒိယဆေးတွေပါ '' လို့  ၎င်းသူနာပြုဆရာမ တစ်ဦးက ဆိုပါတယ်။ အလားတူ ချပ်သင်းတိုက်နယ်၊ ပေါက်ဆိန်ကုန်းရွာတွင်လည်း ဒေသခံတစ်ဦးမှာ မြွေကိုက်ခံရကြောင်း သိရပါတယ်။

မှတ်တမ်းများအရ မြန်မာနိုင်ငံမှာ နှစ်စဉ်လူတစ်သောင်းခန့် မြွေကိုက်ခံနေရပြီး ၎င်းတို့အနက် ၁ဝ ရာခိုင်နှုန်းခန့် သေဆုံးနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြေကိုက်ခံရခြင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ အရေးပေါ် ဆေးကုသမှုခံယူရခြင်းများကို ကျေးလက်ဒေသများတွင်သာမက လူစည်ကားရာမြို့ ကြီးများရှိ ဆင်ခြေဖုံး အရပ်ဒေသများ၌လည်း တွေ့မြင်လာရပါတယ်။

မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်း၌ဖြန့်ဝေရန် မြွေဆိပ်ဖြေဆေး အလုံးပေါင်းရှစ်သောင်းခန့် ထုတ်လုပ်နိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန် သော နှစ်အလိုက် မြွေကိုက်မှုနှုန်းနှင့် မြွေကိုက်ခံရမှု ကြောင့် သေဆုံးမှုနှုန်းများအပေါ်တွင် အခြေခံကာ စီစဉ်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ယနေ့ မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ပိုမိုအစွမ်းထက်သော မြွေဆိပ်ဖြေဆေး များ ထုတ်လုပ်နိုင်စေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၊ သြစတြေးလျနှင့် ဘရာဇီးနိုင်ငံတို့မှ အကူအညီများ ရယူထားကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရပါတယ်။

ယခုလို မိုးရာသီရောက်တဲ့အခါ မြွေအန္တရာယ်ကို အထူးသတိပြုသင့်ပါတယ်။ မြို့လယ်ကောင်တိုက်ခန်းတွေ မှာ မြွေသတ္တဝါကို မြင်တွေ့ရခဲသော်လည်း၊ သစ်ပင်၊ လယ်မြေ၊ မြက်ချုံပေါများကာ ရေစပ်စပ်ရှိသော မြို့နယ်တွေမှာတော့ မြွေကိုတွေ့ရတတ်ပါတယ်။ မြန်မာပြည်ရှိ အဆိပ်ပြင်းတဲ့ မြွေနှစ်မျိုးမှာ မြွေပွေးနှင့် မြွေဟောက်တို့ဖြစ်ကြ ပြီး မြွေပွေးအဆိပ်က လူ့ခန္ဓာကိုယ်သွေးခဲတဲ့ စနစ်ကို ထိခိုက်ပျက်စီးစေတာကြောင့် မြွေပွေးကိုက်ခံရပါက သွေးမတိတ်ဘဲ ဦးနှောက်၊ အစာလမ်းကြောင်းတွေမှာ သွေးယိုစိမ့်ခြင်းအပြင် ဆီးထဲမှာသွေးပါပြီး ကျောက်ကပ်ပျက်စီးတတ်ပါတယ်။ မြွေဟောက်အဆိပ်ကတော့ အာရုံကြော စနစ်ကို ထိခိုက်တာကြောင့် လူနာကမှိန်းလာပြီး အာရုံ ခံစားမှု မရှိတော့ဘဲ ထုံကျင်လာကာ နောက်ဆုံးမှာ အာရုံ ကြောတွေပျက်စီး၍ြ<ွကက်သား လှုပ်ရှားမှုအားပျော့ပြီး အသက်ရှူခြင်းနှင့် အဆုတ်ကို ထိခိုက်လာပါတယ်။

အမှန်တကယ်တော့ မြွေတွေက လူမြင်တိုင်း လိုက်ကိုက်တတ်ကြတာမဟုတ်ပါဘူး။ မလွဲမရှောင်သာတဲ့ အချိန်ကျမှသာ (သူ့ကို တစ်စုံတစ်ခုက အန္တရာယ်ပြုမယ်လို့  ထင်တဲ့အခါမှာ သူ့ကိုယ်သူ ကာကွယ်သည့်အနေဖြင့်) လူကို ကိုက်ခြင်းသာဖြစ်ပါတယ်။ မြွေအဆိပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကိုက်ခံရတဲ့  နေရာမှာ နာကျင်မှုဖြစ်စေပါတယ်။ မြွေအစွယ်ကြောင့် ဒဏ်ရာအပေါက်မှ သွေးထွက်တတ်ပြီး တစ်ခါတလေ အဆင်မသင့်ရင် ထို ဒဏ်ရာပေါက်မှတစ်ဆင့် မေးခိုင်ပိုး ဝင်နိုင်ပါတယ်။ အကယ်၍ အဆိပ်ပြင်းတဲ့မြွေအကိုက်ခံရပါက ဒဏ်ရာပတ်ဝန်းကျင်မှာ ငါးမိနစ်အတွင်း ပြင်းထန်စွာ ရောင်ယမ်းနာကျင်မှုဖြစ်ကာ မီးလောင်ဒဏ်ရာကဲ့သို့ အရည်ကြည်ဖုများ ပေါ်ထွက်လာပါတယ်။ ဒါ့အပြင် ကိုက်ခံရတဲ့နေရာတစ်ဝိုက် ကြွက်သားနဲ့ အရေပြားတွေ ပျက်စီးပြီး နောက်ဆုံးမှာ ပုပ်သွားတဲ့အထိ ဆိုးရွားနိုင်တယ်။ ကိုက်လိုက်တဲ့မြွေရဲ့ အစွယ်အနက်၊ သူထုတ်လိုက်တဲ့ အဆိပ်ပမာဏနဲ့ အကိုက်ခံရတဲ့နေရာပေါ်တည်ပြီး အဆိပ်ပျံ့နှံ့တာ အနှေးအမြန်ကွာခြားပါတယ်။ ဥပမာ ဦးခေါင်းပိုင်း၊မျက်နှာ၊ လည်ပင်းတို့ကို အကိုက်ခံရပါက နှလုံးသွေးပြန် ကြောနှင့် နီးစပ်တာကြောင့် အဆိပ်ပျံ့နှံ့တာလည်း ပိုမြန် ဆန်ပါတယ်။

(၁) Monovalent နှငPolyvalent ဟူ၍ မြွေဆိပ်ဖြေဆေး နှစ်မျိုးရှိပါတယ်။ Monovalent က သတ်မှတ်ထားတဲ့ မြွေအမျိုးအစား တစ်မျိုးတည်း အတွက်သာ သုံးနိုင်ပြီး Polyvalent ကတော့ မြွေအမျိုးအစား တစ်မျိုးမကတဲ့ အဆိပ်များကို ပြေပျောက်စေပါတယ်။ ဒါကြောင့် သုံးရမည့် မြွေဆိပ်ဖြေဆေးဟာလည်း မတူကြတာမို့  မြွေကိုက်ခံရရင် (ဖြစ်နိုင်ပါက)ကိုက်တဲ့ မြွေကိုပါတစ်ပါတည်း ဆေးရုံယူသွားပြဖို့ လိုအပ်ပါတယ်။ မြွေကလည်း ကိုက်ပြီးတာနဲ့ အပြေးမြန်တာကြောင့် မိမိအကိုက်ခံရတဲ့ မြွေ၏ အဆင်းသဏ္ဌာန်ကို မှတ်မိအောင်ကြည့်ထားပါ။ (မြွေဟောက်က ပါးပြင်းထောင် လေ့ရှိလို့ ခြေမျက်စိအပေါ်ကို ကိုက်တတ်ပြီး၊ မြေပွေး ကတော့ ခြေမျက်စိအောက်ကို ကိုက်လေ့ရှိပါတယ်။ အဆိပ်ရှိ မြွေ၏ ဦးခေါင်းဟာ များသောအားဖြင့် ကြိဂံပုံသဏ္ဌာန်ဖြစ်ပါတယ်။)

(၂) ဒုတိယအကြိမ် ထပ်အကိုက်မခံရအောင် မြွေနဲ့ ဝေးရာကို ရှောင်ထွက်သွားပါ။ ချုံပုတ်နဲ့ဝေးရာ ညီညာပြန့်ပြူးတဲ့မြေက စိတ်ချရပါတယ်။ သို့သော် ဟိုး အဝေးကြီးသို့ တစ်ရှိန်ထိုးထွက်ပြေးဖို့ မလိုပါဘူး။ ပြေး လွှားခြင်းက နှလုံးခုန်မြန်ဆန်ကာ ခန္ဓာကိုယ်ထဲသို့ အဆိပ်ပိုမိုပျံ့နှံ့စေပါတယ်။

(၃) စိတ်ချရတဲ့ နေရာလို့ယူဆပါက ငြိမ်ငြိမ်လေးလှဲချ၍ အသက်ကိုမှန်မှန်ရှူပါ။ စိတ်ငြိမ်ငြိမ်ထားပါ။ စိုးရိမ် ထိတ်လန့်ခြင်းက နှလုံးခုန်မြန်ဆန်စေပြီး မြွေဆိပ်တွေ
မြန်မြန် ပျံ့နှံ့လာစေတတ်ပါတယ်။

(၄) အဆိပ်ပြင်းတဲ့မြွေအကိုက်ခံရတဲ့အခါ ချက်ချင်းဆိုသလို ရောင်ကိုင်းလာစေတာကြောင့် ဥပမာ ခြေထောက်ကို ကိုက်ခံရရင် ဖိနပ်ချွတ်ပါ ဘောင်းဘီရှည်ဝတ်ထားရင် ခေါက်တင်ပါ။ အကယ်၍ လက်ကိုကိုက်
ခံရပါက လက်စွပ်၊ လက်ပတ်နာရီတွေကို ချွတ်ပါ။ အင်္ကျီလက်ကို အပေါ်သို့ ခေါက်တင်ပါ။

(၅) မြွေကိုက်ခံရလျှင် မြွေကိုက်ဒဏ်ရာ၏ အထက်နားမှကြိုးဖြင့် ကြပ်ကြပ်စည်း ဓားသန့်သန့်ကို မီးကင်ပြီးအနာပေါက်ကိုချဲ့ကာ မြွေဆိပ်များကို ပါးစပ်ဖြင့် စုပ်ထွေးထုတ်ပစ်ရမယ်လို့ ရှေးယခင်ခေတ်ကဆိုကြ သော်လည်း ယခုမျက်မှောက်ခေတ်မှာတော့ ဒဏ်ရာကို ဓားနဲ့ခွဲခြင်းက သွေးထွက်လွန်၍ မြွေဆိပ်ပိုပြန့်တတ်ပြီး မေးခိုင်ပိုးပါဝင်တတ်၍ ရှေးနည်းကို မသုံးသင့်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ြေ>ွမကိုက်ခံရတဲ့ အခါ (က) သွေးနဲ့ အဆိပ်ရည်တွေကို ကုန်စင်အောင်ညှစ်ပါ။ (ခ) အဆိပ်မပျံ့နှံ့စေဖို့အတွက် ဒဏ်ရာ၏ ၂ လက်မ (သို့)၃ လက်မ အထက်အပေါ်နားကနေ အဝတ်ပတ်တီးတင်းတင်းစည်းနှောင်ပါ (ဆွဲသား အလက်စ တစ်စတွေကို မသုံးပါနှင့်၊ သွေးတိတ်ပတ်တီးမစည်းရ။) (ဂ) ပြင်ပကူးစက်ပိုးမဝင်စေဖို့ မြွေကိုက်ခံရတဲ့နေ ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် စင်ကြယ်စွာ ဆေးပါ (ကာဘော်လစ်ဆပ်ပြာ(သို့မဟုတ်) ဒတ်တောလ်ပိုးသတ်ဆပ်ပြာရနိုင်ရင် ပိုကောင်းပါတယ်။) (ဃ) ရေခဲ မအုံပါနှင့်။ (င) ၎င်းရှေးဦးသူနာပြုစုပြီးတဲ့အခါ အဆိပ်တွေ မပြန့်အောင် ငြိမ်ငြိမ်လေးနေပါ။ ဆေးရုံ၊ ဆေးခန်းသို့သွားတဲ့အခါမှာလည်း ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးငြိမ်ငြိမ်လေးထားပြီးနေပါ။

(၆) တောရွာတွေမှာတော့ ပိုးထိတယ်လို့ ခေါ်ဆိုလေ့ရှိပါတယ်။ အောက်ပါ အိမ်တွင်းကုထုံးလေးများကလည်း မြွေဆိပ်အန္တရာယ်မှ ကာကွယ်ပေးနိုင်တာကြောင့် အရေးပေါ်အသုံးပြုနိုင်ရန် မှတ်သားထားသင့်ပါတယ်။ (က) မြင်းခွာရွက်စားပါ၊ မြင်းခွာရွက်ကိုကြိတ်၍ ရလာသော အရည်ကို ဒဏ်ရာပေါ်လူးအုံပေးပါ။ (သို့)ဆေးမြင်းခွာရွက်အနီပင်ကို ကျင်ငယ်ရေ(ဆီး)နှင့်သွေး၍ မြွေကိုက်ဒဏ်ရာပေါ်လူးပေးပါ။ (ခ) ကြက်
သဟင်းရွက်စားပါ။ ကြက်သဟင်းပင်အမြစ်ကို ထောင်းထု၍ ရေစိမ်သောက်ပါ။ (ဂ) ဆေးခါးကြီးပင် (ခေါ်) ရှမ်းဆေးခါးကြီးပင် အခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရေနွေးဆူဆူကိုမတ်ခွက်ကြီး တစ်လုံးနှင့်ဖျော်၍ လက်ဖက်ရည်ကြမ်းပန်းကန် နှစ်လုံးသောက်ပါ။ အကယ်၍ ဆေးခါးကြီးပင်အစိမ်းရရှိပါက ဆေးပင်လက်တစ်ဆုပ်ကို ရေသုံးပုလင်းထည့်၍ တစ်ဝက်ခန်းအောင်ကျိုပြီးသောက်ပါ။ မြွေကိုက်ခံရသူဟာ ရေအလွန်ဆာတာကြောင့် ရေကျက်အေး အသင့်ထား၍ ဆေးရည်တစ်ဇွန်းခန့်သောက်ပြီးနောက် ရေဆာတိုင်း ¤င်းရေကျက်အေးသောက်ပါ။ (သတိလစ်၍ သွေးအန်နေသူ လူနာပင် ပြန်လည်ကောင်းမွန် လာ
နိုင်ပါတယ်)၊ (ဃ) မြွေကိုက်ခံရတဲ့အခါ မြွေအစွယ်ရာ နှစ်ပေါက်ဖြစ်တာကြောင့် ကြက်ဥ(အစိမ်း)ကို ဒဏ်ရာနဲ့တိုင်းပြီး အပေါက်နှစ်ပေါက်ဖောက်၍ ကပ်ပေးပါ။ ကြက်ဥက ဒဏ်ရာထဲကအဆိပ်ကို မိနစ်ပိုင်း အတွင်း စုပ်ယူသွားပါလိမ့်မယ်။ လိုအပ်ရင် နောက်ထပ်ကြက်ဥ အသစ်ကို သုံးနိုင်ပါတယ် (ကြက်ဥကို ခွဲကြည့်ရင် မြွေဆိပ်တွေ့ပါတယ်။ ထိုကြက်ဥကို သေသေချာချာ စွန့်ပစ်ဖို့တော့လိုပါတယ်)၊ (င) ဣဿရမူလီ
အမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် မြွေဟာက်အဆိပ် ကို တစ်ဟုတ်ချင်းပြေစေနိုင်ပါတယ်။ (စ) သကြားသီးအစေ့နှင့် အရွက်တို့ကိုထောင်းထုကာ သတ္တုရည်လိမ်း ကျံပေးခြင်းဖြင့် အဆိပ်ပြေစေနိုင်ပါတယ်။ (ဆ) နေအိမ်ခြံဝန်းထဲတွင် ပင်စိမ်းပင် စိုက်ပျိုးထားခြင်းဖြင့် မြွေအန္တရာယ်မှ ကင်းဝေးစေနိုင်ပါတယ်။ မြွေကိုက်ဒဏ်ရာပေါ် ပင်စိမ်းရွက်ကိုကြိတ်အုံပေးခြင်းဖြင့် အဆိပ်ပြေစေပါတယ်။ (ဇ) မြွေကိုက်ခံရပါက ဆေး
ရုံ၊ ဆေးခန်းသို့မသွားခင် အဆိပ်ရဲ့စုဖွဲ့မှုကိုအပူနဲ့တိုက်ထုတ်တဲ့အနေဖြင့် ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးပါ။ (ဈ) သင်္ဘောသီးအကင်းကို ထိပ်မှဖြတ်ပြီး မြွေအကိုက်ခံရသည့်နေရာတွင် ကပ်ပေးခြင်းဖြင့် အဆိပ်ဖြေကာ အနာအမြန်ဆုံး ကျက်စေပါတယ်။ (ည) ခြံနှင့် အိမ်ပတ်ဝန်းကျင်ကို ဆီးဖြူ သီးဖြန့်ပစ်ထားပါ။

(ဋ) ခြံပတ်ပတ်လည်ကို Kiss Me Quick ပင်၊ ရှဥ့်မတက်ပင်၊ နှင်းဆီပင် စတဲ့ ဆူးခက်များပါရှိသော အပင်များစိုက်ပျိုးထားခြင်းဖြင့် မြွေမလာနိုင်အောင် တားဆီးနိုင်ပါတယ်။ (ဌ) ရှေးမြန်မာကြီးများကတော့ မြွေကိုက်ခံရသော လူနာအား ကျည်းနီသီး၏ အဆန်ကို မှုန့်ညက်နေအောင်ကြိတ်၍ မျက်စိနှစ်ဖက်စလုံးမှာ ခတ်ပေးခြင်းဖြင့် အသက်ချမ်းသာရာ ရစေတယ်လို့ ဆိုပါတယ်။ (ဍ) ရှေးမြန်မာကြီးများ လက်ထက်က ပိုးထိသောသူ၏ ဒဏ်ရာမှအဆိပ်ကို ရှေးဦးသူနာပြုစုနည်းဖြင့် ပါးစပ်ဖြင့် စုပ်ထုတ်စဉ် ၎င်းအဆိပ်ဟာ ပါးစပ်ထဲသို့ မတော်တဆဝင်၍ မျိုချမိ တယ်ဆိုပါစို့၊ ထိုပြဿနာအတွက် ဆင်၏ချေး(မစင်) သွေး၍သောက်ခြင်းဖြင့် အဆိပ်ဖြေ ခဲ့ကြပါတယ်။

မြို့ ပေါ်တွေမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေ ကြောင့် ရေမြောင်းတွေလျှံတက်လာပြီး လမ်းသွယ်များ သာမက၊ အိမ်ခြံဝင်းထဲထိပါ ရေတက်လာပါတယ်။ အဆိုပါ ရေဆိုးမြောင်းရေများနှင့်အတူ မြွေဆိုးများလည်း ပါလာတတ်ပါတယ်။ြေ>ွမအကိုက်မခံရအောင် ရေမြောင်းများကို ရေစီးရေလာကောင်းအောင် ပြုပြင်ပါ၊ ခြံတွင်း ထဲမှာ သတိထားသွားလာပါ။ မြက်ဖုတ်များ၊ မြေတွင်းများနှင့် သစ်ခေါင်းပေါက်များကို ဝေးဝေးရှောင်ပြီး သွား လာပါ။

အိမ်မွေးခွေးများက မြွေအန္တရာယ်ကို ကြိုသိမြင်တတ်လို့ ခွေးတွေ စူးစူးဝါးဝါးဟောင်ရင် ဂရုတစိုက်စစ်ဆေးပါ။ ညဘက် အပြင်ထွက်တဲ့အခါမှာလည်း လက်နှိပ်ဓာတ်မီးနှင့် မြွေကိုအသံဖြင့် ခြောက်လှန့်နိုင်စေဖို့ ဒုတ်(တုတ်)ရှည်ရှည် ဆောင်သွားပါ။ မြွေရှိတတ်တဲ့ တချို့မြို့နယ်များတွင် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်၊ ရေမြောင်းများကို သန့်ရှင်းရေးဂရစိုက်ကြပါရန်နှင့် မိမိအိပ်ရာခုတင်အပေါ်၊ အောက်တို့ကို သတိနှင့်ဆင်ခြင်၍ မြွေအန္တရာယ်မှ ကာကွယ်ကြပါရန် သတိပေးနှိုးဆော် လိုက်ရပါတယ်။ ။

ပေါက်ပေါက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရေကြီးရေလျှံခြင်း နှင့် မြွေအန္တရာယ်     ရေကြီးရေလျှံခြင်း နှင့် မြွေအန္တရာယ် Reviewed by သစ်ထူးလွင် on 17:52 Rating: 5
Powered by Blogger.