မိသားစုဝင် (၃) ဦးကို သတ်ဖြတ်ခဲ့သည့် ဖခင်အား ထောင်နှစ် (၄၀) ချ

 
  မန္တလေး

          မိန်းမနှင့် သမီးအရင်း သုံးဦးအား သတ်ဖြတ်ခဲ့သည့် အဖေဖြစ်သူအား ထောင်ဒဏ်နှစ် (၄၀) ချမှတ် လိုက်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မူးရုံးထံမှ သိရသည်။

          အိမ်အမှတ် ၁/၅၄၆၊ ကော့သုန် (၃) လမ်း၊ အမှတ် (၁) ရပ်ကွက်၊ လောက်ကိုင်မြို့တွင် နေထိုင်သော တရားခံ ရန်ပြု (၃၁) နှစ်၊ ကိုးကန့်လူမျိုး၊ နတ်ကိုးကွယ်သူသည် ၎င်း၏ အမျိုးသမီးဖြစ်သူ ရန်ရှောက်ကျိန်း (၃၂) နှစ်၊ သမီးဖြစ်သူ ရန်နီရှန်း (၇)နှစ်၊ ရန်နီထောင် (၃)နှစ်နှင့် ရန်နီသုန်း (၁) နှစ်တို့အား သြဂုတ်လ (၅) ရက်နေ့ ည တစ်နာရီခွဲ အချိန်ခန့်တွင် အရိုးအသွား တစ်ပေခွဲ၊ ဗျတ်နှစ်လက်မရှိ ထင်းခုတ်ဓားမဖြင့် လည်ပင်းအား ခုတ်ထစ်ခဲ့သောကြောင့် အဆိုပါ (၄) ဦးတို့မှာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ ၄င်းအမှုနှင့် ပတ်သက်၍ တရားခံဖြစ်သူ ရန်ပြု (၃၁) နှစ်အား လောက်ကိုင်မြို့မ ရဲစခန်းတွင် ပ ၇၄/ ၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၃၀၂ အရ အရေးယူ ဆောင်ရွက်ခဲ့သည်။

          စစ်အုပ်ချုပ်ရေး နယ်မြေ ဖြစ်သော လောက်ကိုင်မြို့ရှိ စစ်ခုံရုံးတွင် သြဂုတ်လ (၇)ရက်နေ့၌ တရားခံဖြစ်သူ ရန်ပြု (၃၁) နှစ်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၀၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် (၄၀) ချမှတ်လိုက်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မူးရုံးထံမှ သိရသည်။

K.W.M
The Messenger Media
http://messengernewsjournal.com
မိသားစုဝင် (၃) ဦးကို သတ်ဖြတ်ခဲ့သည့် ဖခင်အား ထောင်နှစ် (၄၀) ချ   မိသားစုဝင် (၃) ဦးကို သတ်ဖြတ်ခဲ့သည့် ဖခင်အား ထောင်နှစ် (၄၀) ချ Reviewed by သစ်ထူးလွင် on 22:47 Rating: 5
Powered by Blogger.