ဒေါ်အောင်ဆန်းစုကြည် ရွှေတောင်ပြည်သူများနှင့်တွေ့ဆုံ


 သြဂုတ်လ (၁၁)ရက်။

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်က ပြည်မြို့တွင် ပဲခူးတိုင်းအနောက်ခြမ်း လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် ရွှေတောင်မြို့သို့ ဆက်လက်ထွက်ခွါခဲ့ပြီး ရွှေတောင်မြို့ ပြည်သူများအား မိန့်ခွန်းပြောကြားခဲ့သည်။

မိန့်ခွန်းပြောကြားရာတွင် ယခုခရီးစဉ်ဟာ ရေဘေးသင့်ပြည်သူများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ယခုလို တွေ့ဆုံချိန်တွင် နိုင်ငံရေး စကားပြောဖို့ လိုကြောင်း ပြည်သူများ အနေဖြင့် ၂၀၁၅ တွင် NLD ပါတီကို ၁၀၀ ရာခိုင်နှုန်း အနိုင်ရရှိအောင် မေးဖို့လိုကြောင်း ပြည်သူများအနေဖြင့် ကိုယ်စားလှယ်များကို မကြည့်ပဲ မဲပေးဖို့လိုကြောင်း ကိုယ်စားလှယ်များအား ပါတီမှတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေး အရေးကြီးတဲ့အတွက် ပါတီကိုသာ မဲပေးပါဟု မိန့်ခွန်းပြောကြားခဲ့သည်။

သတင်း - ဓါတ်ပုံ ။  ။ National League for Democracy





ဒေါ်အောင်ဆန်းစုကြည် ရွှေတောင်ပြည်သူများနှင့်တွေ့ဆုံ   ဒေါ်အောင်ဆန်းစုကြည်  ရွှေတောင်ပြည်သူများနှင့်တွေ့ဆုံ Reviewed by သစ်ထူးလွင် on 10:46 Rating: 5
Powered by Blogger.