''အောင်ရတနာ'' ခရီးသည်တင်ယာဉ် မီးလောင်မှုဖြစ်

ခရီးသည်တင်မှန်လုံယာဉ် အင်ဂျင်စက်ခန်းအတွင်း ဝိုင်ယာရှော့ခ်ဖြစ်ရာက မီးလောင် / ဓါတ်ပုံ ။ ။ Daw Theingi Winn (fb)
နေပြည်တော်၊ ဩဂုတ် ၁၃

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၂ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း မြို့နယ်၊ ဒိုးပင်ရွာအနီး၊ ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ်(၁၀၇/၃)အနီးတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကောလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ မုံရွာမှ ကသာသို့ ဒီပဲယင်းမြို့၊ မြို့မရပ်နေ ဂျပန်ကြီး(ခ)တင်ဖြိုးဝင်း(၃၂)နှစ်မောင်းနှင်လာသော ၉ခ/××××× ''အောင်ရတနာ'' ခရီးသည်တင် မှန်လုံယာဉ်မှာ အင်ဂျင်စက်ခန်းအတွင်း ဝိုင်ယာရှော့ခ်ဖြစ်ရာက မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့်ခရီးသည် ကျား(၉)ဦး၊ မ(၉)ဦးတို့ ထိခိုက် ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်တစ်စီးလုံးနှင့် ခရီးသည်များ၏အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း(၈၀)ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဂျပန်ကြီး(ခ)တင်ဖြိုးဝင်းအား ကောလင်းမြို့မရဲစခန်း (ပ)၂၅၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


''အောင်ရတနာ'' ခရီးသည်တင်ယာဉ် မီးလောင်မှုဖြစ်  ''အောင်ရတနာ'' ခရီးသည်တင်ယာဉ် မီးလောင်မှုဖြစ် Reviewed by သစ်ထူးလွင် on 09:13 Rating: 5
Powered by Blogger.