သူရဦးရွှေမန်း၏ ဆန္ဒအမှန်


  မိမိ၏ဆန္ဒအမှန်

❖ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးသာ အဓိကဦးတည်ဆောင်ရွက်ရန်မှာ မိမိ၏ဆန္ဒအမှန် ဖြစ်သည်။
❖ နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါ။
❖ ထိုစိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီးများစွာ ရှိနိုင်သည်ကို မိမိသိရှိထားပါသည်။
❖ မိမိအနေဖြင့်လည်း အသက်အရွယ်ရရှိလာပြီဖြစ်၍ လုပ်ဆောင်ရန် အချိန်များစွာ မကျန်တော့ပါ။ ကံအားလျော်စွာ ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဌအဖြစ် ရောက်ရှိလာချိန်တွင် ပြည်သူအတွက် လုပ်ဆောင်ရန် အခွင့်အလမ်း ပိုမိုရရှိခဲ့ပါသည်။
❖ လက်ညှိုးထောင်ခေါင်းညိတ် (မည်ကာမတ္တ လွှတ်တော်မျိုး)ကိုသာ တစ်ချို့က ဖြစ်စေလိုချိန်တွင် မိမိတို့က လွှတ်တော်သည် နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောဖြစ်ကာ "လွှတ်တော်မရှိ ဒီမိုကရေစီ မရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိသည်" ဟုခံယူပြီး ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ အခက်အခဲများစွာ ကြုံတွေ့လာရပါသည်။
❖ နောင်တွင် အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါသည်။
❖ ပြည်သူ့ကိုယ်စားလှယ်အဖြစ် တာဝန်ရှိလာသည့် (၅)နှစ်တာကာလအတွင်း ပြည်သူ့အတွက် ဘ၀ပေး၍ လုပ်ဆောင်သွားမည်ဟုလည်း အကြိမ်ကြိမ် မိမိကိုယ်မိမိ ကတိသစ္စာပြုကာ အားပေးခဲ့ပါသည်။
❖ ထိုသို့ဆောင်ရွက်ရာတွင် မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲမတွေ့စေရ၊ ပြသနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ( "ပြည်သူအားလုံး" ဆိုသည်မှာ "အားလုံးသောနိုင်ငံသားများ" ကို သစ္စာပြုထားခြင်း ဖြစ်ပါသည်။)

အများအကျိုးဆောင်ရွက်နိုင်ကြပါစေ..။

သူရဦးရွှေမန်း
H.E. Thura U Shwe Mann (fb)
https://www.facebook.com/HEThuraUShweMann
သူရဦးရွှေမန်း၏ ဆန္ဒအမှန်   သူရဦးရွှေမန်း၏ ဆန္ဒအမှန် Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.