အစ္စရေးမှာ ဓားထိုးခံရသူ အမျိုးသမီးငယ် သေဆုံး


  ဂျေရူဆလမ်မြို့တော်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ခဲ့တဲ့ လိင်တူချစ်သူတွေရဲ့ ချီတက်ပွဲအတွင်း အတိုက်အခိုက်ခံရသူတွေထဲက ၁၆ နှစ်အရွယ် Shira Banki ဆိုတဲ့ မိန်းမပျိုငယ်ဟာ ရရှိခဲ့တဲ့ ဓားဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးသွားပြီလို့ အစ္စရေး ဆေးရုံအသိုင်းအ၀န်းက လာတဲ့သတင်းတွေအရ သိရပါတယ်။

တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူဟာ ဂျူးဘာသာရေး အစွန်းရောက်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အရင်တုန်းကလည်း အလားတူ တိုက်ခိုက်မှုနဲ့ အပြစ်ဒဏ်ကျခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

အစ္စရေး ၀န်ကြီးချုပ် Benjamin Netanyahu က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှုတ်ချပြောဆိုခဲ့ပါတယ်။

Shira အပါအ၀င် တခြား ၅ ဦးကို ဓားနဲ့ထိုးခဲ့သူဟာ လူ့အသက်အပေါ် အလေးထားရမယ့် အခြေခံကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တဲ့ ပြစ်တင်ကြိမ်ဆဲမှုအပေါင်းကို ခံယူသင့်သူ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အစ္စရေးမှာ ဓားထိုးခံရသူ အမျိုးသမီးငယ် သေဆုံး   အစ္စရေးမှာ ဓားထိုးခံရသူ အမျိုးသမီးငယ် သေဆုံး Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.