ညောင်တုန်းမြို့နယ်အတွင်း အိမ်ခြေ ၄၅၀၀ ကျော် ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိ


 သြဂုတ် ၅

 ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမှာ ယနေ့မနက်(၈)နာရီအချိန်တိုင်းထွာချက်များအရစိုးရိမ်ရေအမှတ်ဖြစ်သော၂၅.၇ပေသို့ရောက်ရှိလျက်ရှိပြီး မြို့နေပြည်သူ များအား ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိထားရကြောင်းသိရသည်။


“ ကျွန်မတို့မြို့အနေနဲ့ရေထိန်းနရံ၂၆ပေရှိပါတယ်၊စိုးရိမ်ရေအမှတ်က ၂၂.၅ အမှတ်ထားပြီး အန္တယ်ရှိစိုးရိမ်ရေအမှတ်က ၂၄.၅ သတ်မှတ်ထားပါတယ်။ အခု မြို့ရဲ့လက်ရှိစိုးရိမ်ရေအမှတ်က ၂၅.၆ဆိုတော့် သဘာဝဘေးအန္တရာယ် ကျရောက်ရန် စိုးရိမ်ရသော လိမ္မော်ရောင်အဆင့် အဖြစ်ညောင်တုန်းကို သတ်မှတ်ထားပြီး ကယ်ဆယ်ရေးစခန်း(၁၂) ခုဖွင့် လှစ်ထားပြီး စစ်တပ်၊ရဲ ၊အရံမီးသတ်နှင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းအချို့က ဖြင့် သဲအိတ်တစ်သိန်းခန့်တာဖို့ ခြင်းဆောင်နေပါတယ်ဟု” ကယ်ဆယ်ရေးကွက်ကဲရေးမှူးရုံး မှ ဒေါ်စန္ဒာဦးကပြောသည်။


“၀ါဆိုလပြည့်လောက်ကတည်းကရေကတက်စပြုပြီးအခုစိုရင်စိုးရိမ်ရတဲ့အခြေနေပါ၊ညဆိုအိမ်မှာမအိပ်ရဲဘူးကယ်ဆယ်ရေးစခန်းတွေမှာသွားအိပ်ရတယ်နေ့လယ်ဆိုကိုယ့်အိမ်ကိုယ်ပြန်ပြီးထမင်းချက်ပြုတ်စားတယ်၊ရန်ကုန်က ဒီရေတက်ရင် ညောင်တုန်းမှာလည်းတက်တယ်၊ရန်ကုန်ကျရင် ဒီမှာလည်းကျတယ်၊ မြစ်ရေကိုခန့်မှန်းက ခက်နေတယ် အခုထိတော့ ရေကတန့်နေတယ်ဟုဒေသခံကိုကျော်စွာစိုးက ” ပြောသည်။

“ မိုးအားတွေ သိသိသာသာလျော့ကျလာနေပါပြီးရေဖုံးလွှမ်းမှုအများဆုံးက ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း နဲ့မွန်ပြည်နယ်တို့မှာ ရှိနေဆဲပါ၊ ရေဖုံးလွှမ်းမှုအန္တရာယ်ဆက်လက်မြင့်မားနေတဲ့ မြို့နယ်ဒေသများကတော့ သထုံ၊ ခ န္တီး၊ သာယာဝတီ၊ ဟင်္သာတ၊ ပုသိမ်၊ မအူပင်၊ ပဲခူး၊ ရန်ကုန်(မင်္ဂင်္လာဒုံ)၊ ကျောက်ဖြူမြို့နယ်တို့ဖြစ်ကြပြီးနောက်(၂)ရက်အတွက်ခန့်မှန်းချက်အရဆိုရင်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမိုးဆက်လက်ရွာနိုင်ပါတယ်ဟု မိုးလေ၀သပညာရှင်ဦးထွန်းလွင်ကသုံးသပ်ထားသည်။


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သြဂုတ် ၄ ရက်နေ့က မြစ်ရေအခြေအနေမှာ ၂၅.၇ပေရှိ၍ လိမ္မော်ရောင်အဆင့် သတ်မှတ် ခဲ့ပြီး မြေနိမ့်ပိုင်းဒေသတွင် ရောက်ရှိနေသည့် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာ(၄)ရွာတို့ကို ခေတ္တ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းစေခဲ့ပြီး (က) ရပ်ကွက်(၁)၊ ရွှေတောင်တန်းဓမ္မာရုံ၊ (ခ) ရပ်ကွက်(၂)၊ သွန်းဘုရားကြီး၊ (ဂ) ရပ်ကွက်(၃)၊ ပုလောစာသင်တိုက်၊ (ဃ) ရပ်ကွက်(၃)၊ အထက(၂) အပေါ်ထပ် (ဆေးရုံလူနာများအတွက်)၊ (င) ရပ်ကွက်(၄)၊ ဈေးဓမ္မာရုံ၊ (စ) ရပ်ကွက်(၅)၊ ဝေဋ္ဌုဝန်သာသနာ့ဗိမာန်၊ (ဆ) ရပ်ကွက်(၆)၊ မန္တလေးကျောင်းတိုက်၊ (ဇ) ရပ်ကွက်(၇)၊ ရွှေဟင်္သာတောရ၊ (ဈ) ရပ်ကွက်(၈)၊ အထက (၁) အပေါ်ထပ်၊ (ည) ရပ်ကွက်(၉)၊ နိဂြောဓာရုံ/ ပေါက်အင်းကျောင်းတိုက်၊ (ဋ) ရပ်ကွက်(၁၀)၊ သဲအင်းဂူဝိပဿနာစသည့်နေရာများတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရကြောင်းသိရသည်။

မင်းသဒ္ဒါ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ညောင်တုန်းမြို့နယ်အတွင်း အိမ်ခြေ ၄၅၀၀ ကျော် ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိ  ညောင်တုန်းမြို့နယ်အတွင်း အိမ်ခြေ ၄၅၀၀ ကျော် ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိ Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.