 ကာ​ကွယ်​ရေး​နဲ့ ​နယ်​စပ်​ရေး​ရာ ​ဝန်​ကြီး​လောင်း​တွေ ​အ​မည်​စာ​ရင်း​သွင်း

 တပ်​မ​တော် ​ထိပ်​ပိုင်း ​ခေါင်း​ဆောင်​နေ​ရာ​တွေ ​အ​ပါ​အ​ဝင် ​ရာ​ထူး ​အ​ပြောင်း​အ​လဲ​တွေ ​အ​ခု​ရက်​ပိုင်း​မှာ ​ရှိ​ခဲ့
 လာ​မယ့် ​ရွေး​ကောက်​ပွဲ​မှာ ​ဝင်​ရောက် ​ယှဉ်​ပြိုင်​ဖို့​အ​တွက် ​တပ်​မ​တော်​က​နေ ​အ​ငြိမ်း​စား ​ယူ​သွား​ခဲ့​တဲ့ ​ကာ​ကွယ်​ရေး​နဲ့ ​နယ်​စပ်​ရေး​ရာ ​ဝန်​ကြီး​ဌာ​န ​ပြည်​ထောင်​စု ​ဝန်​ကြီး​တွေ ​နေ​ရာ​မှာ ​ပြန်​လည် ​အ​စား​ထိုး ​ခန့်​အပ်​ဖို့ ​ဝန်​ကြီး​လောင်း​တွေ​ရဲ့ ​အ​မည် ​စာ​ရင်း​ကို ​နိုင်​ငံ​တော် ​သ​မ္မ​တ​က ​ပြည်​ထောင်​စု ​လွှတ်​တော်​ကို ​တင်​သွင်း ​လိုက်​ပါ​တယ်။

ကာ​ကွယ်​ရေး​ဝန်​ကြီး၊ ​စစ်​ဦး​စီး ​အ​ရာ​ရှိ​ချုပ် (​ကြည်း) ​ရာ​ထူး​နေ​ရာ​မှာ ​လေ​ကြောင်း​ရန် ​ကာ​ကွယ်​ရေး ​တပ်​ဖွဲ့ ​အ​ရာ​ရှိ​ချုပ် ​တာ​ဝန် ​ထမ်း​ဆောင်​ခဲ့​တဲ့ ​ဒု​တိ​ယ ​ဗိုလ်​ချုပ်​ကြီး ​စိန်​ဝင်း၊ ​နယ်​စပ်​ရေး​ရာ ​ဝန်​ကြီး​ဌာ​န ​ပြည်​ထောင်​စု ​ဝန်​ကြီး ​နေ​ရာ​မှာ ​က​စ​ထ​မှူး ​တာ​ဝန် ​ထမ်း​ဆောင်​ခဲ့​တဲ့ ​ဒု​တိ​ယ ​ဗိုလ်​ချုပ်​ကြီး ​ကျော်​ဆွေ​ကို ​အ​စား​ထိုး ​ခန့်​အပ်​ဖို့ ​နိုင်​ငံ​တော် ​သ​မ္မ​တ​က ​အ​င်္ဂါ​နေ့​က ​အ​မည် ​စာ​ရင်း ​တင်​သွင်း​လိုက်​တာ​ပါ။

ကန့်​ကွက်​မယ့်​သူ ​မ​ရှိ​ဘူး ​ဆို​ရင်​တော့ ​အဲ​ဒီ ​ပု​ဂ္ဂိုလ်​တွေ ​ဝန်​ကြီး​တွေ ​ဖြစ်​လာ​ကြ​မှာ ​ဖြစ်​သ​လို ​နိုင်​ငံ​တော် ​ကာ​ကွယ်​ရေး​နဲ့ ​လုံ​ခြုံ​ရေး ​ကောင်​စီ ​အ​ဖွဲ့​ဝင်​တွေ​လည်း ​ဖြစ်​လာ​တော့​မှာ​ပါ။

ဒါ့​အ​ပြင် ​တပ်​မ​တော်​ရဲ့ ​တ​တိ​ယ ​ခေါင်း​ဆောင် ​ဖြစ်​တဲ့ ​ကြည်း၊ ​ရေ၊ ​လေ ​ညှိ​နှိုင်း ​ကွပ်​ကဲ​ရေး​မှူး ​ရာ​ထူး​ကို​လည်း ​လက်​ရှိ ​လေ​တပ် ​ဦး​စီး​ချုပ်​ကို ​ပူး​တွဲ ​တာ​ဝန် ​ထမ်း​ဆောင်​စေ​မယ်​လို့ ​တပ်​မ​တော် ​အ​သိုင်း​အ​ဝိုင်း​နဲ့ ​နီး​စပ်​သူ​တွေ​က ​ပြော​ပါ​တယ်။

ဒီ​တာ​ဝန်​ကို ​လေ​တပ်​ဦး​စီး​ချုပ် ​တာ​ဝန် ​ထမ်း​ဆောင်​နေ​တဲ့ ​ဗိုလ်​ချုပ်​ကြီး ​ခင်​အောင်​မြင့်​ကို ​ပူး​တွဲ ​ထမ်း​ဆောင်​ဖို့ ​တာ​ဝန် ​ပေး​အပ်​လိုက်​တာ​ဟာ ​ထူး​ခြား​မှု​တ​ခု​လို့ ​သုံး​သပ်​နေ​ကြ​ပါ​တယ်။

အ​ရင်​က ​တပ်​မ​တော်​ရဲ့ ​ဒီ​လို ​အ​ဆင့်​မြင့် ​ရာ​ထူး​တွေ​ကို ​ကြည်း​တပ်​က ​ပု​ဂ္ဂိုလ်​တွေ​သာ ​ရ​ကြ​လေ့ ​ရှိ​တာ​ပါ။

ပြီး​ခဲ့​တဲ့ ​ရက်​ပိုင်း​က​စ​လို့ ​တပ်​မ​တော် ​ထိပ်​ပိုင်း​ခေါင်း​ဆောင်​တွေ ​အ​ပါ​အ​ဝင် ​တပ်​မ​တော် ​အ​ရာ​ရှိ ၄၅​ဦး​ခန့် ​ရာ​ထူး ​အ​ပြောင်း​အ​လဲ​တွေ ​ရှိ​ခဲ့​ပြီး ​ဒီ​အ​ပြောင်း​အ​လဲ​ဟာ ​မြန်​မာ့ ​တပ်​မ​တော်​မှာ ​အ​များ​ဆုံး ​ရာ​ထူး ​အ​ပြောင်း​အ​လဲ ​ဖြစ်​တယ်​လို့ ​လေ့​လာ​သူ​တွေ​က ​သုံး​သပ်​နေ​ကြ​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
 ကာ​ကွယ်​ရေး​နဲ့ ​နယ်​စပ်​ရေး​ရာ ​ဝန်​ကြီး​လောင်း​တွေ ​အ​မည်​စာ​ရင်း​သွင်း  ​ ကာ​ကွယ်​ရေး​နဲ့ ​နယ်​စပ်​ရေး​ရာ ​ဝန်​ကြီး​လောင်း​တွေ ​အ​မည်​စာ​ရင်း​သွင်း Reviewed by THITHTOOLWIN on 10:56 Rating: 5
Powered by Blogger.