ရေဘေး ဒုက္ခသည်များကို စိတ်ဓါတ်အရပါ ကူကြဖို့လိုအပ်

 ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရေဘေးအတွက် အလှူငွေကောက်ခံနေစဉ်။ Photo: Kyaw Zaw Win/ RFA
ရေဘေးဒုက္ခသည်တွေကို ငွေနဲ့ ရုပ်ဝတ္တုတင်မကပဲ စိတ်ဓါတ်ရေးရာအရပါ အားပေးကူညီကြဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် က ဒီနေ့ ရေဘေးအတွက် အလှူငွေကောက်ခံနေစဉ် ပြောလိုက်ပါတယ်။

အစိုးရကိုချည်းဘဲ အားကိုးမနေဘဲ ပြည်သူအချင်းချင်း ၀ိုင်းဝန်းကူညီပေးကြဖို့ကို မင်းကိုနိုင် က   ပြောပါတယ်။

၈၈ အဖွဲ့ဝင်တွေနဲ့ အနုပညာရှင်တွေစုပေါင်းပြီး ဒီနေ့ ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် ကမာရွတ်မြို့နယ်နဲ့ ရန်ကင်းမြို့နယ်တွေမှာ အလှူငွေကောက်ခံရာ မှာ နေ့လည်ပိုင်းအထိ ကျပ်သိန်း ၃၀၀ ကျော်လောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရရှိခဲ့ ပါတယ်။ အလှူငွေကောက်ခံတဲ့အဖွဲ့တဲ့အဖွဲ့က နှစ်နေရာဖြစ်နေတာကြောင့် ဒီနေ့ ရရှိတဲ့အလှူငွေအတိအကျကို ပြောဖို့ ခက်ခဲတယ်လို့လည်း သိရပါတယ်။

ဒီနေ့ အလှူငွေကောက်ခံရာမှာ ၈၈အဖွဲ့နဲ့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်း၊ အနုပညာရှင်တွေဖြစ်တဲ့ ဇင်ဝိုင်း၊ ချစ်သုဝေ၊ အိမ့်ချစ်တို့ ပါဝင်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရေဘေး ဒုက္ခသည်များကို စိတ်ဓါတ်အရပါ ကူကြဖို့လိုအပ်  ရေဘေး ဒုက္ခသည်များကို စိတ်ဓါတ်အရပါ ကူကြဖို့လိုအပ် Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.