လမ်းမတော် ကမ်းနားလမ်းပေါ်၌ ၃၄(အထူး) ယာဉ်တိမ်းမှောက်


 ရန်ကုန် သြဂုတ် ၂ဝ

 သြဂုတ် ၂ဝ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ကမ်းနားလမ်း (ကတ္တရာလမ်း)ပေါ်၌ ခရီးသည်တင် ယာဉ်နှစ်စီး အပြိုင်မောင်းနှင်ရာမှ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ (၆)လမ်းထိပ်အရောက်တွင် ခရီးသည်တင် ၃၄(အထူး) 2C/---မှာ ကမ်းနားလမ်းပေါ်၌ ဘေး စောင်းမှောက်လျက် တိမ်းမှောက်မှု ဖြစ်ခဲ့သည်။

၃၄(အထူး)ခရီးသည် ယာဉ်ပေါ် ၌လိုက်ပါလာသည့်ခရီးသည် ဦးမောင် ဝင်းက ''သီရိမင်္ဂလာဈေး မှတ်တိုင် ကတည်းက လိုက်လာတာ ၄၂ ကားနဲ့ အပြိုင်မောင်းလာရာက ကီလီမှတ် တိုင်အလွန်မှာ ပိုအရှိန်များလာတယ်။ အဲဒီနောက်မထိန်းနိုင်တော့တဲ့အတွက် လမ်းဘေးမှာရပ်ထားတဲ့ ကားတွေကို တိုက်ပြီး အခုလိုဘေးစောင်းမှောက် သွားတာပဲ''ဟု ပြောသည်။

၎င်းကိုယ်တိုင် ခြေထောက်နှင့်လက်တွင်အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာများသော ခရီးသည်သုံးဦး၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့အရေးပေါ် လူနာဖြင့်ခေါ်ဆောင် သွားကြောင်းသိရသည်။

၃၄(အထူး)ယာဉ်တိုက်မှုကြောင့် ကမ်းနားလမ်း ညာဘက်အခြမ်းတွင် ညအိပ် ရပ်နားထားသော ကိုယ်ပိုင်ယာဉ်လေးစီးပျက်စီးမှုဖြစ်ပွားခဲ့သည်။

ယာဉ်ကို မဆင်မခြင်မောင်းနှင်မှု ကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်တို့အား ယာဉ်အမှုစစ်က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သျှင်ဝင်းသျှင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လမ်းမတော် ကမ်းနားလမ်းပေါ်၌ ၃၄(အထူး) ယာဉ်တိမ်းမှောက်  လမ်းမတော် ကမ်းနားလမ်းပေါ်၌ ၃၄(အထူး) ယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.