အရက်မူးပြီးအိပ်နေသူတစ်ဦး မီးလောင်သေဆုံး

  မီးလောင်နေတဲ့ နမူနာ ဓါတ်ပုံပါ၊ အခု မီးလောင် သေဆုံး သူရဲ့ ပုံ မဟုတ်ပါ။ 
 မီးခလုတ်မိန်းခုံ အပူလွန်ကဲ၍ မီးလောင်မှုကြောင့် အရက်မူးပြီးအိပ်နေသူတစ်ဦး မီးလောင်သေဆုံး

နေပြည်တော်၊ ဩဂုတ် ၂၂

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းတကာ(မ)ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်(၁)စီး၊ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၃၅ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။

 စစ်ဆေးချက်အရ မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ အဆိုပါ ကျေးရွာနေ မျိုးတင့်(၃၅)နှစ်၏နေအိမ်ဖြစ်ပြီး ၎င်းသည် ၂၀-၈-၂၀၁၅ ရက်နေ့ ညက နေအိမ်၌ အရက်သောက်စားမူးယစ်ပြီး TV ကြည့်ရင်း အိပ်ပျော်သွားစဉ် မီးခလုတ်မိန်းခုံ အပူရှိန်လွန်ကဲကာ ဝိုင်ယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အရက်မူးပြီး အိပ်ပျော်နေသည့် မျိုးတင့်တွင် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ၎င်းအား ဆားလင်းကြီးမြို့မရဲစခန်း(ပ)၁၅၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အရက်မူးပြီးအိပ်နေသူတစ်ဦး မီးလောင်သေဆုံး  အရက်မူးပြီးအိပ်နေသူတစ်ဦး မီးလောင်သေဆုံး Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.