ရေဘေးသင့်ဒေသများသို့ ဆန်လှူဒါန်းလိုသူများ မြန်မာနိုင်ငံဆန်စပါး အသင်းချူပ်သို့ ဆက်သွယ်နိုင်


 ရေဘေးသင့်ဒေသများတွင် လှူဒါန်းရန် ဆန်လိုအပ်သူများ အနေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချူပ်သို့ ဆက် သွယ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ်က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ရေဘေးသင့်ဒေသများတွင် ဆန်ဈေးများ အဆမတန် မကြီးမြင့်စေရန်နှင့် ဆန်ပြတ်လပ်မှုများ မဖြစ်ပေါ်စေရန် အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချူပ် မှစီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ဆန်လိုအပ်သူများ အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ်သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ချိန် တွင် ယင်းတို့ ဦးဆောင်စီစဉ်မှုဖြင့် ညီနောင်ဆန်စပါး အသင်းများ၊ ပြည်တွင်း/ပြည်ပ ဆန်စပါးလုပ်ငန်းရှင်များ၊ စေတနာရှင်များမှ ပူးပေါင်းပါဝင်သော ပြန်လည် ထူထောင်ရေး အစီအစဉ်ကို ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။ ရေဘေးသင့် ဆန်စပါးစိုက်ပျိုးသူ တောင်သူ လယ်သမားများ၊ ရေဘေးသင့် ဆန်စက်များ နှင့် ရေဘေးသင့် ဆန်စပါးကုန် သည်များ အား ပြန်လည် ထူထောင်ရေးအတွက် တတ်နိုင် သရွေ့ ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၁ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက်လယ်သမားများ လယ်ယာမြေများပြန် လည်ထူထောင်ရေးအတွက် အကူအညီများပေးသွား မည်ဖြစ်ပြီး ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးထိခိုက်ကြသော အသေးစားနှင့်အလတ်စား ဆန်စက်များ၊ ဆန်စပါး ကုန်သည်များ အား စက်များနှင့် သိုလှောင်ရုံများ ပြန်လည်ပြင်ဆင်ခြင်း၊ စက်ယူနစ်အသစ်များ အစားထိုး လဲလှယ်ခြင်းစသော ကိစ္စများကို ပေါင်းစပ် ညှိနှိုင်း ထောက်ပံ့ ကူညီဆောင်ရွက်ပေးသွားရန်ရည်ရွယ်ထားကြောင်း ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း၌ သဘာဝဘေးအန္တရာယ် အပေါ် စိုးရိမ်စိတ်ကြောင့် ဆန်ဝယ်ယူစုဆောင်းမှု အလွန် များခြင်း၊ ရေဘေးကြောင့် လည်း အချို့ နေရာများတွင် ဆန်ဝယ်ယူရရှိရန် အခက်အခဲရှိနေကြကြောင်း၊ ဆန်ဈေးများလည်း တက်လာခြင်း များကြောင့်ဒေသခံအသင်းဝင်များက ရန်ကုန်မှ ပို့ပေးရန်တောင်းဆို သဖြင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချူပ် (ဗဟို) ရခိုင်ပြည်နယ်သို့ဆန်အိတ် (၃၀၀၀)ကို တိုးနဒီ သင်္ဘောဖြင့် ပေးပို့နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းနောက် ရခိုင်ပြည်နယ်အတွင်း ဆန်အိမ်များဈေးနှုံးများ တည်ငြိမ်သည် အထိ ဆက်လက် တင်ပို့သွားရန်စီစဉ်မည်ဖြစ်သဖြင့် ဆန်ပြတ်လပ်မည့် အခြေအနေ၊ ဆန်ဈေးတက်မည့် အခြေအနေများ စိုးရိမ် ပူပန်ခြင်းမရှိစေရန်အကြောင်းကိုလည်း ထုတ်ပြန်ဖော်ပြချက်များအရ သိရသည်။

သတင်း- စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
ရေဘေးသင့်ဒေသများသို့ ဆန်လှူဒါန်းလိုသူများ မြန်မာနိုင်ငံဆန်စပါး အသင်းချူပ်သို့ ဆက်သွယ်နိုင်   ရေဘေးသင့်ဒေသများသို့ ဆန်လှူဒါန်းလိုသူများ မြန်မာနိုင်ငံဆန်စပါး အသင်းချူပ်သို့ ဆက်သွယ်နိုင် Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.