ပါ​က​စ္စ​တန်​ပြည်​နယ်​ဝန်​ကြီး ​ဗုံး​ခွဲ​တိုက်​ခိုက်​ခံ​ရ
ရဲ​တပ်​ဖွဲ့​ဝင်​တွေ ​အ​ပါ​အ​ဝင် ​နောက်​ထပ် ​အ​နည်း​ဆုံး ​လူ ၁၂ ​ယောက်​လည်း ​သေ​ဆုံး ​သွား​ပါ​တယ်။
စစ်​တပ် ​ဗိုလ်​မှူး​ကြီး ​ရာ​ထူး ​က ​အ​ငြိမ်း​စား​ယူ​ခဲ့​တဲ့ ​အ​ခု ​ဝန်​ကြီး ​ခန်း​ဇာ​တာ ​ဟာ ​ဒီ​နှစ်​အ​တွင်း ​စစ်​သွေး​ကွှေ​တွ ​တိုက်​ခိုက်​မှု​ကြောင့် ​သေ​ဆုံး​ရ​တဲ့​အ​စိုး​ရ​အ​ရာ​ရှိ​တွေ​ထဲ ​ရာ​ထူး​အ​မြင့်​ဆုံး ​တ​ယောက်​ဖြစ်​ပါ​တယ်။
သူ့​ကို ​ပန်​ဂျတ်​ပြည်​နယ်​မှာ ​ရှိ​တဲ့ ​ကြောက်​လန့်​အောင်​ခြောက်​လှန့် ​တဲ့​အ​ကြမ်း​ဖက် ​ဝါ​ဒီ​တွေ ​နှိမ်​နှင်း​တဲ့ ​စစ်​ဆင်​ရေး ​တွေ ​ကို ​ကြည့်​ကြပ်​ပေး​နေ​သူ​အ​ဖြစ် ​အ​များ​က ​သတ်​မှတ်​ထား​ကြ​ကြောင်း ​အ​စ္စ​လာမ်​မာ​ဘတ် ​က ​ဘီ​ဘီ​စီ ​သ​တင်း​ထောက် ​က ​ပြော​ပါ​တယ်။
ဆွန်​နီ ​စစ်​သွေး​ကွှ​အ​ဖွဲ့​တ​ဖွဲ့ ​ဖြစ်​တဲ့ Lashkar-e-Jhangvi ​က ​အ​ခု​တိုက်​ခိုက်​မှု ​ကို ​သူ​တို့​လုပ်​ခဲ့​တာ ​လို့ ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ပါ​က​စ္စ​တန်​ပြည်​နယ်​ဝန်​ကြီး ​ဗုံး​ခွဲ​တိုက်​ခိုက်​ခံ​ရ   ​ပါ​က​စ္စ​တန်​ပြည်​နယ်​ဝန်​ကြီး ​ဗုံး​ခွဲ​တိုက်​ခိုက်​ခံ​ရ Reviewed by THITHTOOLWIN on 04:04 Rating: 5
Powered by Blogger.