စက်ပျက် လစ်ဗျားလှေအတွင်း အလောင်းတွေ တွေ့ရှိ


 လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းက စက်ပျက်နေတဲ့လှေတစ်စင်းရဲ့ ၀မ်းထဲမှာ ရွှေ့ပြောင်းဒုက္ခသည် ၅၁ ဦးရဲ့ အလောင်းတွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီလူတွေဟာ အောက်စီဂျင်မရလို့ အသက်ရူကြပ်တဲ့ ဝေဒနာနဲ့ သေဆုံးခဲ့ပုံရတယ်လို့ အီတလီသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

မနေ့က တနေ့လုံး ပင်လယ်ပြင်ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတဲ့ ဥရောပနယ်စပ် ဧဂျင်စီသင်္ဘောအဖွဲ့ပါ ဆွီဒင်သင်္ဘောတစ်စင်းက နောက်ထပ်ရွှေ့ပြောင်းဒုက္ခသည် ၄၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဥရောပနိုင်ငံတွေထဲ ၀င်ရောက်ဖို့ မြေထဲပင်လယ်ကို ဖြတ်ကျော်လာစဉ် သေဆုံးခဲ့တဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ခုနှစ်အတွင်းမှာ ထောင်နဲ့ချီရှိခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
စက်ပျက် လစ်ဗျားလှေအတွင်း အလောင်းတွေ တွေ့ရှိ   စက်ပျက် လစ်ဗျားလှေအတွင်း အလောင်းတွေ တွေ့ရှိ Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.