ကဘူးလ်မြို့ တွင် နေတိုးပစ်မှတ်ထားတိုက်ခိုက်၊ အမေရိကန်စစ်ဘက်ကန်ထရိုက်တာ သုံးဦးသေဆုံး


ကဘူးလ် သြဂုတ် ၂၃

ကဘူးလ်မြို့၌ အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ ဖြစ် သော နေတိုးအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်သည့် ကားဗုံးခွဲမှုတွင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး အမေရိကန်နိုင်ငံသား သုံးဦး ပါဝင် ကြောင်း တာဝန်ရှိသူများက ပြော သည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှု ကြောင့် အမေရိကန် စစ်ဘက် ကန်ထရိုက်တာများ ပိုင်ဆိုင်သော သံချပ်ကာ ယာဉ်နှင့် ကျောင်းကား တစ်စီးအပါအဝင် ယာဉ်အချို့ ပျက်စီးသွားကြောင်း တာဝန်ရှိသူ များက ပြောသည်။

နေတိုးထောက်ပံ့ရေး ကန် ထရိုက်တာ သုံးဦးသေဆုံးခဲ့ကြောင်း သြဂုတ် ၂၂ ရက်က ကြေညာချက် တွင် ဖော်ပြသည်။

အဆိုပါ အသေခံဗုံးခွဲ တိုက် ခိုက်မှုသည် ကဘူးလ်မြို့ ဆေးရုံ အပြင်ဘက် လူစည်ကားရာလမ်းမ ပေါ်တွင် အဓိကပစ်မှတ်ထား တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလ အတွင်း အာဖဂန်၌ ဆက်တိုက် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိရာ အရပ်သားများ သေဆုံးမှု အများဆုံးဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောသည်။

အာဖဂန်အစိုးရနှင့် တာလီဘန် တို့က ဇူလိုင်လတွင် မူလာအိုမာ သေဆုံးကြောင်း အတည်ပြုပြော ကြားခဲ့ပြီးနောက် ကဘူးလ်မြို့၌ ဗုံးခွဲတိုက်ခိုက်မှုများ တိုးမြင့်လာ သည်ဟု ဆိုသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကဘူးလ်မြို့ တွင် နေတိုးပစ်မှတ်ထားတိုက်ခိုက်၊ အမေရိကန်စစ်ဘက်ကန်ထရိုက်တာ သုံးဦးသေဆုံး  ကဘူးလ်မြို့ တွင် နေတိုးပစ်မှတ်ထားတိုက်ခိုက်၊ အမေရိကန်စစ်ဘက်ကန်ထရိုက်တာ သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 07:20 Rating: 5
Powered by Blogger.