လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွဲမှု အတွက် တာဝန်ရှိသူ ရဲမှူးနှစ်ဦးအား တရားပြန်စွဲမှုအား သာယာဝတီတရားရုံးမှ ပယ်ချ


 လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း အားအကြမ်းဖက်ဖြိုခွဲမှု အတွက် တာဝန်ရှိသူ ရဲမှူးနှစ်ဦးအား တရားပြန်စွဲရန် လျှောက်ထားမှုအား သာယာဝတီတရားရုံးမှ ပယ်ချကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် မတ်၁၀ရက်က ဖြစ်ပွားခဲ့ သည့် ကျောင်းသား သပိတ်စစ်ကြောင်း အား အကြမ်းဖက်ဖြိုခွဲမှုကိစ္စအား သာယာဝတီတရား ရုံးတွင် အမှုစစ်ဆေးရာတွင် တရား မမျှတမှုများ ပေါ် ပေါက်ခဲ့သည့် အတွက် ကျောင်းသားများ အမှုလိုက်ပါဆောင်ရွက်ပေးနေ သည့် တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်မှ ဇူလိုင်၂၇ရက် တွင် ပြန်လဲ စွဲချက် တင်ရန် လျှောက်လွှာတင်ခဲ့ပြီး သြဂုတ် ၄ရက်နေ့တွင် လျှောက် လဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ထို့သို့လျှောက်လဲချက်တင်ထားသည့် ပြန်လည်တရားစွဲဆိုသည့် အမှုအား သာယာဝတီတရား ရုံးတော်မှ သြဂုတ် ၁၁ရက်ယနေ့တွင် ပယ်ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ တရားပြန်စွဲ ဆိုရန် လျှောက် ထားမှုအား ပယ်ချခြင်းနှင့်အတူ ထိန်းသိမ်းခံ ကျောင်းသား ၁၁ ဦး အား အာမခံ လျှောက် ထားခြင်းအား ပယ်ချခြင်းခံရကြောင်း ပြောပြချက်များအရ သိရသည်။

``ကျနော်တို့မှ တရားလိုရဲမှူးအားတရားစွဲဆိုခြင်းတရားသူကြီးအမိန့်ချ။ရဲမှူး သည်ပြစ်မှုမှု မမြောက်တဲ့။ အာမခံတင်ထားတဲ့ ၁၁ဦးကိုလည်း ခွင့်မပြု။´´ ကိုနန္နာစစ်အောင် ဖေဘုတ် စာမျက်နှာတွင် သြဂုတ်၁၁ရက် နံနက်ပိုင်းရေး သားထားကြောင်း ချက်အရ သိရသည်။

ယခုသာယာဝတီတရားရုံးချိန်းသည် ၁၂ကြိမ်မြောက် တရားရုံးချိန်းဖြစ်ပြီး၊ မူလတရားစွဲဆိုခဲ့ သည့် လက်ပံတန်းတရားရုံးတွင် စစ်ဆေးခြင်းအပါအ၀င် ရုံးချိန်းပေါင်း ၁၇ချိန်းရှိ ပြီး လပေါင်း ၅လ ကျော်ကြာသည် တိုင်း ကျောင်း သားများနှင့် ၀န်းရံပြည်သူများ ၇၀ကျော်ခန့်မှာ သာယာဝတီ အကျဉ်းထောင် တွင် ထိန်းသိမ်း ခံထားရဆဲဖြစ်ကြောင်း သိရသည်။

သတင်း -စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွဲမှု အတွက် တာဝန်ရှိသူ ရဲမှူးနှစ်ဦးအား တရားပြန်စွဲမှုအား သာယာဝတီတရားရုံးမှ ပယ်ချ   လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွဲမှု အတွက် တာဝန်ရှိသူ ရဲမှူးနှစ်ဦးအား  တရားပြန်စွဲမှုအား သာယာဝတီတရားရုံးမှ ပယ်ချ Reviewed by သစ်ထူးလွင် on 18:47 Rating: 5
Powered by Blogger.