၁၀ရက်ကြာ ရပ်နားခဲ့ရသော မြန်မာ-ဘင်္ဂလာနယ်စပ် ပြန်ဖွင့်သော်လည်း သွားလာသူ နည်းပါး


 ကော့စ်ဘဇား၊ သြဂုတ် ၅

 ၁၀ ရက်ကြာ ရပ်နားခဲ့ရသည့် ဘင်္ဂလား မြန်မာနယ်စပ် ကုန်သွယ်မှု လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်လိုက်သော်လည်း သွားလာသူ နည်းပါးနေသေးသည်ဟု သိရသည်။

ဘင်္ဂလား မြန်မာ နေ့ချင်းပြန် တရားဝင်ကူးသန်းသွားလာမှုကို ကိုမန် မုန်တိုင်းကြောင်း ဇူလိုင်လ ၂၃
ရက်နေ့က နတ်မြစ် အတွင်း လှိုင်းထန်နေသည့်အတွက် သက်ဆိုင်ရာမှ စတင်ရပ်တန့်ထားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလား မြန်မာနယ်စပ် နေ့ချင်းပြန် သွားလာမှုကို ရပ်တန့်ထားရာမှ ယမန်နေ့က
ပြန်လည် ဖွင့်လှစ်ပြီဖြစ်သော်လည်း သွားလာသူ နည်းပါးနေသည်ဟု တက်ကနက် ဒေသခံ တစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ တတိယအပတ်မှ စပြီး မိုးအဆက် မပြတ်ရွာသွန်းမှုကြောင်း စစ်တကောင်း
တောင်တန်း ဒေသ နေရာအများအပြား ရေနစ်မြုပ်ခဲ့ပြီး တောင်ပြိုကျမှုကြောင့် အနည်းဆုံး လူပေါင်း ခုနှစ်ဦး ဘင်ဒရိုဘင် ခရိုင်တွင် သေဆုံးခဲ့သည်။ ယင်းပြင် ကားလမ်းများလည်း ပိတ်ဆို့သွားခဲ့သည်။

အပျက်အစီးများကို ဘင်္ဂလာ သက်ဆိုင်ရာမှ ချက်ချင်းပြန်လည်ပြုပြင်နေသော်လည်း နယ်စပ် အချို့ဒေသများတွင် လျှပ်စစ်မီးယခု တိုင် ပြတ်တောက်နေဆဲဖြစ်ပြီး ကုန်းလမ်းဆက်သွယ်မှု ပြတ်တောက်နေဆဲဖြစ်သည်။

မောင်အေး
Arakan State
https://www.facebook.com/NarinjaraNews
၁၀ရက်ကြာ ရပ်နားခဲ့ရသော မြန်မာ-ဘင်္ဂလာနယ်စပ် ပြန်ဖွင့်သော်လည်း သွားလာသူ နည်းပါး  ၁၀ရက်ကြာ ရပ်နားခဲ့ရသော မြန်မာ-ဘင်္ဂလာနယ်စပ် ပြန်ဖွင့်သော်လည်း သွားလာသူ နည်းပါး Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.