ဘင်္ဂါလီ(၁၀)ဦးတင်ဆောင် လာသည့် မော်တော်ယာဉ်အား ဖမ်းဆီးရမိ

မှော်ဘီမြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘင်္ဂါလီ(၁၀)ဦးတင်ဆောင် လာသည့် မော်တော်ယာဉ်အား ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၂၆

၂၂.၈.၂၀၁၅ ရက်နေ့ ၂၃၃၀ အချိန်တွင် မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်စဉ် ရန်ကုန်-ပြည်လမ်း အတိုင်း တိုက်ကြီးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင် လာသော 9H---- ပရိုဘောက်အဖြူရောင် အငှားယာဉ်အား ရပ်တန့်စစ်ဆေးရာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ သန့်ဇင်ထွန်း၊ (၂၇)နှစ်မှ မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် ဘင်္ဂါလီ ကျား(၅)ဦး၊ မ(၅)ဦးတို့ပါရှိလာကြောင်း စစ်ဆေး တွေ့ရှိရပါသည်။


စစ်ဆေးဖော်ထုတ်ချက်အရ ယာဉ်ပေါ်တွင်ပါရှိလာသော ဘင်္ဂါလီ(၁၀)ဦးမှာ ရခိုင်ပြည်နယ်၊ သက္ကယ်ပြင်ကျေးရွာနှင့် သဲချောင်းကျေးရွာတို့မှ ဖြစ်ကြောင်း၊ ပွဲစားဖြစ်သူ အာလီမှ တစ်ဦးလျှင် ငွေကျပ်(၁၀/၁၂)သိန်းဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရှိရပြီး ယာဉ်မောင်း ဦးဌေးအောင်မောင်းနှင်သည့် ၁ခ/---- လော်ရယ်ယာဉ်ဖြင့် ကျား(၃)ဦး၊ မ(၁)ဦး ကိုလည်းကောင်း၊ ဥာဏ်လင်းအောင်မောင်းနှင်သည့် 9C---- Mark II ယာဉ်ဖြင့် ကျား(၄)ဦးကို လည်းကောင်း အသီးသီးတင်ဆောင်၍ ရန်ကုန်မြို့သို့ အတူတကွမောင်းနှင် လာခဲ့ကြရာမှ မှော်ဘီမြို့နယ်၊ ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် သန့်ဇင်ထွန်း၏ ယာဉ်အား စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယင်းသို့ ဘင်္ဂါလီများအား သယ်ဆောင်လာသည့် ဖမ်းဆီးရမိသူ သန့်ဇင်ထွန်းနှင့် အာလီ(စုံစမ်းဆဲ)၊ ဌေးအောင်(စုံစမ်းဆဲ)၊ ဥာဏ်လင်းအောင်(စုံစမ်းဆဲ)တို့အား မှော်ဘီမြို့မရဲစခန်း(ပ)၆၅၅/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၆၇/၃၇၁/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ကျန်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသည့် ဘင်္ဂါလီ(၁၀)ဦးအား သက်ဆိုင်ရာလ၀ကမှ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဘင်္ဂါလီ(၁၀)ဦးတင်ဆောင် လာသည့် မော်တော်ယာဉ်အား ဖမ်းဆီးရမိ    ဘင်္ဂါလီ(၁၀)ဦးတင်ဆောင် လာသည့် မော်တော်ယာဉ်အား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.