ဒေါ်ခင်ကြည်ဖေါင်ဒေရှင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ စစ်တွေလေဆိပ်ရောက်ရှိ

(စစ်တွေ လေဆိပ် အဆောက်အဦးပြင်ပတွင် စုပုံထားသော ဒေါ်ခင်ကြည် ဖောင်ဒေရှင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ- ဓာတ်ပုံ - နိရဉ္စရာ)
 စစ်တွေ၊ သြဂုတ် ၆

 ရခိုင်ရေဘေးအတွက် ဒေါ်ခင်ကြည် ဖောင်ဒေရှင်း အမည်ဖြင့် ဒေါ်ဆောင်ဆန်းစုကြည် လှူဒါန်းသော ရေဘေးကယ်ဆယ်ရေး ပစ္စည်းများ စစ်တွေ လေဆိပ်သို့ ယနေ့ ရောက်ရှိလာသည်ဟု သိရသည်။

သို့သော် သယ်ယူမည့်သူ မရှိသဖြင့် လေယာဉ်ကွင်း ပြင်ပတွင် စုပုံနေသည်။

လေယာဉ်ကွင်းမှ အလုပ်သမား တစ်ဦးကို မေးကြည့်ရာ “ကြာတော့ ကြာနေပြီဗျာ။ ပိုင်ရှင် လာမယူလို့လား၊ ဘာဖြစ်လို့လဲတော့ မပြောတတ်ဘူး။ အဲဒီနေရာမှာဘဲ တွေ့နေရတာ အချိန်အတော်ကြာပြီ” ဟု ပြောဆိုသည်။

(စစ်တွေ လေဆိပ် အဆောက်အဦးပြင်ပတွင် စုပုံထားသော ဒေါ်ခင်ကြည် ဖောင်ဒေရှင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ- ဓာတ်ပုံ - နိရဉ္စရာ)
ယနေ့ စစ်တွေတွင်နေသာနေ၍ ကံကောင်းကြောင်း၊ ယခင်နေ့များကလို မိုးရွာနေလျှင် အားလုံးပျက်စီးနိုင်ကြောင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ အနေဖြင့် စစ်တွေ လေဆိပ်အာဏာပိုင်များနှင့် အမြန် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း လေဆိပ် အတွင်းမှ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

Arakan State
https://www.facebook.com/NarinjaraNews

ဒေါ်ခင်ကြည်ဖေါင်ဒေရှင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ စစ်တွေလေဆိပ်ရောက်ရှိ  ဒေါ်ခင်ကြည်ဖေါင်ဒေရှင်းမှ ကယ်ဆယ်ရေး ပစ္စည်းများ စစ်တွေလေဆိပ်ရောက်ရှိ Reviewed by သစ်ထူးလွင် on 16:58 Rating: 5
Powered by Blogger.