အင်ဒိုနီးရှားလေယာဉ်ပျက်မှ အလောင်းများ ရှာဖွေတွေ့ရှိ


 အင်ဒိုနီးရှားနိုင်ငံ Papua ပြည်နယ် အနောက်ဘက်ဒေသမှာ ပျက်ကျခဲ့တဲ့ Trigana လေကြောင်းလိုင်းက လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည် ၅၄ ဦးရဲ့ ရုပ်အလောင်းတွေကို အင်ဒိုနီးရှား ကယ်ဆယ်ရေးဝန်ထမ်းတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေယာဉ်ဟာ လုံးဝပျက်စီးနေပြီး လေယာဉ်အစိတ်အပိုင်းတွေဟာ မီးလောင်ကျွမ်းထားတာကို ကယ်ဆယ်ရေးဝန်ထမ်းတွေက တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဧဂျင်စီရဲ့ အကြီးအကဲဖြစ်သူ Bambang Soelistyo က ပြောပါတယ်။

အဆိုပါလေယာဉ်ဟာ သြဂုတ်လ ၁၆ ရက်နေ့က ပြည်နယ်မြို့တော် Jayapura မှာရှိတဲ့ Sentani လေဆိပ်ကနေ Oksibil မြို့ကို သွားရောက်ဖို့ ပျံသန်းနေစဉ် အဆိုပါမြို့နားက တောထူထပ်တဲ့ ကုန်းမြင့်ဒေသထဲကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် လူကြီး ၄၄ ဦး၊ ကလေး ၅ ဦးနဲ့ လေယာဉ် အမှုထမ်း ၅ ဦးတို့ ပါဝင်ခဲ့ကြပါတယ်။

လေယာဉ်တခုလုံး လုံးဝပျက်စီးနေပြီး အလောင်းတွေဟာလည်း မီးလောင်ကျွမ်းထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့ခက်တယ်လို့ မစ္စတာ Soelistyo က ပြောပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုသိနိုင်အောင် အခုအခါ ကယ်ဆယ်ရေးဝန်ထမ်းတွေက လေယာဉ်ရဲ့ ပျံသန်းမှုအချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့ black box တွေကို ရှာဖွေနေကြတယ်လို့လည်း မစ္စတာ မစ္စတာ Soelistyo က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အင်ဒိုနီးရှားလေယာဉ်ပျက်မှ အလောင်းများ ရှာဖွေတွေ့ရှိ   အင်ဒိုနီးရှားလေယာဉ်ပျက်မှ အလောင်းများ ရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 18:16 Rating: 5
Powered by Blogger.