မိထွေးကို ဓားထောက် သားမယားကျင့်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - အင်တာနက် 
          မတ္တရာ မြို့နယ်တွင် လင်ပါသား ဖြစ်သူက မိထွေး ဖြစ်သူအား ဓားဖြင့်ထောက်ကာ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မူးရုံးက သိရသည်။

          ယခုလ (၁၄) ရက်နေ့ ည (၉း၀၀) အချိန်တွင် မတ္တရာ မြို့နယ် လက္ကောင်းကြီး ကျေးရွာအုပ်စု ပန်းတောင်းဘောင်နေ ဒေါ်……(၅၅) နှစ်သည် နေအိမ်တွင် အိပ်နေစဉ် လင်ပါသားဖြစ်သူ မောင်…..(၄၀) နှစ် ရောက်ရှိလာပြီး ဓားမြှောင်ဖြင့် ထောက်ကာ နေအိမ် မြောက်ဘက် အနီးရှိ ငါးကန်ဘေးသို့ ခေါ်ဆောင်သွားပြီး သားမယား အဖြစ် ပြုကျင်ခဲ့ကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။

          ယခုလ (၁၅) ရက်နေ့တွင် မြို့မစခန်း (မတ္တရာ) မှ (ပ) ၁၄၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိသည်။

T.Y.D.N
http://messengernewsjournal.com
မိထွေးကို ဓားထောက် သားမယားကျင့်   မိထွေးကို ဓားထောက် သားမယားကျင့် Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.