စစ်ကိုင်းမြို့ မှာ မောင်နှမ(၃)ဦး ရေနစ်သေဆုံး

စစ်ကိုင်းတံတား။ ဓါတ်ပုံ - အင်တာနက် 
 ရေအောက်ရှိ အုတ်ကျင်းဟောင်းအတွင်း ခြေချော်ကျရာက ကလေးငယ်(၃)ဦး ရေနစ်သေဆုံး

နေပြည်တော်၊ ဩဂုတ် ၃၀

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ် ၃ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ရေနစ်သေဆုံးသူ(၃)ဦးရောက်ရှိနေကြောင်း သတင်းအရ စစ်ကိုင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူ များမှာ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်၊ အုတ်စက်ရပ်နေ မဖြူဖြူဝင်း(၁၅)နှစ်၊ မဖြူဖြူလင်း (၁၃)နှစ်နှင့် မောင်ကျော်စိုးမိုး(၁၀)နှစ်တို့ မောင်နှမ(၃)ဦးဖြစ်ကြောင်း သိရှိရသည်။

 စစ်ဆေးချက်အရ ၎င်းတို့(၃)ဦးသည် ယင်းနေ့ နေ့လယ် ၂ နာရီအချိန်က အုတ်စက်ရပ်ရှိ ဧရာဝတီမြစ်ဘေးတွင် ငါးမျှား နေသည့် အစ်ကိုဖြစ်သူ မောင်သီဟစိုး(၁၉)နှစ်ထံသို့ သွားရောက်ခဲ့ပြီး နေအိမ်သို့ ရေလွှမ်းနေသည့် လမ်းအတိုင်း ပြန်လာစဉ် ကမ်းစပ်နှင့် ပေ(၅၀)ခန့်အကွာသို့အရောက် ယခင်က အုတ်ကျင်းပြုလုပ် ထားသည့် ကျင်းဟောင်းအတွင်းသို့ ခြေချော်ကျရာက ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် စစ်ကိုင်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂၂/၂၀၁၅) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
စစ်ကိုင်းမြို့ မှာ မောင်နှမ(၃)ဦး ရေနစ်သေဆုံး  စစ်ကိုင်းမြို့ မှာ မောင်နှမ(၃)ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.